တရုတ်လုပ် ဖိနပ်တွေကိုမယှဉ်နိုင်တာကြောင့် ပြည်တွင်းဖိနပ်လုပ်ငန်းရှင်တွေ ကြုံရာအလုပ်လုပ်နေရ(ရုပ်/သံ)

0
908








>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

တရုတ်နိုင်ငံကတင်သွင်းတဲ့ ဖိနပ်တွေကြောင့် ဖိနပ်လုပ်ငန်းရှင်တွေ အခက်တွေ့နေရပြီး ဖိနပ်လုပ်ငန်းရှင်အချို့ ကျပန်းအလုပ်တွေ လုပ်နေရတယ်လို့ ဖိနပ်လုပ်ငန်းရှင်များ မျိုးတူအစုအဖွဲ့က ပြောပါတယ်။ ဒီသတင်းကို MCN သတင်းထောက် တင်မောင်ထွေးကပေးပို့ထားပါတယ်။

တရုတ်နိုင်ငံက တင်သွင်းတဲ့ ဖိနပ်တွေက ပြည်တွင်းဖိနပ်လုပ်ငန်းရှင်တွေထက် ရင်းနှီးမြှုပ်နှံမှု များပြားပြီး အကြွေးပေးစနစ်တွေနဲ့ ပြည်တွင်းဈေးကွက်မှာ အများအပြားဝင်ရောက်နေတာ ဖြစ်ပါတယ်။

အဲဒီလို ပြည်တွင်းဈေးကွက်မှာ တရုတ်နိုင်ငံကတင်သွင်းတဲ့ ဖိနပ်တွေအများအပြားရှိလာတာကြောင့် ပြည်တွင်း က ဖိနပ်လုပ်ငန်းရှင်တွေ အခက်အခဲတွေရှိလာနေတာဖြစ်ပြီး၊ ဖိနပ်လုပ်ငန်းရှင်အချို့ ကြုံရာကျပန်း အလုပ်တွေ လုပ်နေရတယ်လို့ ပြည်တွင်း ဖိနပ်လုပ်ငန်းရှင်တွေက ပြောပါတယ်။

Soundbite – ဦးကံညွန့် (ဥက္ကဌ) ရန်ကုန်တိုင်းဒေသကြီး ဖိနပ်လုပ်ငန်းရှင်များမျိုးတူအစုအဖွဲ့

လက်ရှိမှာ ပြည်တွင်းက ဖိနပ်လုပ်ငန်းရှင်တွေအနေနဲ့ အခက်အခဲတွေ ရှိလာနေပြီး ဖိနပ်အလုပ်သမားတွေ အလုပ်အကိုင် ပြောင်းရွှေ့ လုပ်ကိုင်လာတာတွေလည်း ရှိနေပါတယ်။ ဒါအပြင် ဖိနပ်လုပ်ငန်းရှင်အချို့လည်း လုပ်ငန်းပိတ်သိမ်းတာတွေ ရှိနေတာကြောင့် အစိုးရအနေနဲ့ အထောက်အပံ့တွေပေးဖို့ ဖိနပ်လုပ်ငန်းရှင်တွေက လိုလားနေကြပါတယ်။

Soundbite – ဦးအေးနိုင် (ဖိနပ်လုပ်ငန်းရှင်) ဝေယံဖိနပ်လုပ်ငန်း

လက်ရှိ တရုတ်နိုင်ငံက တင်သွင်းနေတဲ့ ဖိနပ်တွေက ပြည်တွင်းမှာ ၁၅၀ဝ ကနေ ၂၅၀ဝ အထိ ရှိနေပြီး ပြည်တွင်းထုတ် ဖိနပ်တွေက ၃၅၀ဝ ကနေ ၆၀ဝ၀ အထိ ရှိနေတာ ဖြစ်ပါတယ် ခင်ဗျာ။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)