ဘုရား အလွဴခံပံုး ခိုးယူသူ ဖမ္းမိ

0
923

ရန္ကုန္တိုင္း၊ ေျမာက္ဥကၠလာပၿမိဳ႕နယ္၊ မဟာက်ိန္သစၥာရွင္ ဘုရားရွိ အလွဴခံပံုး ခိုးယူၿပီး ေငြက်ပ္ ၁၆၅၀၀၀ ယူေဆာင္သူကို ဖမ္းဆီးလိုက္ပါတယ္။

ေဖေဖာ္ဝါရီလ ၁၅ ရက္ေန႔က အလွဴခံပံုးတစ္ပံု ေပ်ာက္ဆံုးေနတာကို ဘုရားေဂါပက အဖြဲ႕က သိရတဲ့အတြက္ လိုက္လံရွာေဖြရာမွာ အလွဴခံပံုးအခြံကို ဘုရား ပရဝုဏ္အျပင္ဘက္မွာ ေတြ႕ရွိရတဲ့အတြက္ ေျမာက္ဥကၠလာ ရဲစခန္းမွာ အမႈဖြင့္ခဲ့ပါတယ္။

CCTV မွတ္တမ္းအရ စံုစမ္းစစ္ေဆးခဲ့ရာမွာ ေျမာက္ဥကၠလာပၿမိဳ႕နယ္၊ ေရႊေပါကၠံၿမိဳ႕သစ္၊ (၁၂)ရပ္ကြက္တြင္ ေနထိုင္သူ ေဇာ္ထက္ျဖစ္ေၾကာင္း အတည္ျပဳႏိုင္ခဲ့ပါတယ္။ ေဖေဖာ္ဝါရီလ ၂၇ ရက္ေန႔မွာ ေဇာ္ထက္ကို ေရႊေပါကၠံၿမိဳ႕သစ္၊ မင္းထူးေက်ာ္လမ္းရွိ လက္ဘက္ရည္ဆိုင္မွာ ဖမ္းဆီးရမိခဲ့ပါတယ္။

>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

ဘုရား အလှူခံပုံး ခိုးယူသူ ဖမ်းမိ

ရန်ကုန်တိုင်း၊ မြောက်ဥက္ကလာပမြို့နယ်၊ မဟာကျိန်သစ္စာရှင် ဘုရားရှိ အလှူခံပုံး ခိုးယူပြီး ငွေကျပ် ၁၆၅၀ဝ၀ ယူဆောင်သူကို ဖမ်းဆီးလိုက်ပါတယ်။

ဖေဖော်ဝါရီလ ၁၅ ရက်နေ့က အလှူခံပုံးတစ်ပုံ ပျောက်ဆုံးနေတာကို ဘုရားဂေါပက အဖွဲ့က သိရတဲ့အတွက် လိုက်လံရှာဖွေရာမှာ အလှူခံပုံးအခွံကို ဘုရား ပရဝုဏ်အပြင်ဘက်မှာ တွေ့ရှိရတဲ့အတွက် မြောက်ဥက္ကလာ ရဲစခန်းမှာ အမှုဖွင့်ခဲ့ပါတယ်။

CCTV မှတ်တမ်းအရ စုံစမ်းစစ်ဆေးခဲ့ရာမှာ မြောက်ဥက္ကလာပမြို့နယ်၊ ရွှေပေါက္ကံမြို့သစ်၊ (၁၂)ရပ်ကွက်တွင် နေထိုင်သူ ဇော်ထက်ဖြစ်ကြောင်း အတည်ပြုနိုင်ခဲ့ပါတယ်။ ဖေဖော်ဝါရီလ ၂၇ ရက်နေ့မှာ ဇော်ထက်ကို ရွှေပေါက္ကံမြို့သစ်၊ မင်းထူးကျော်လမ်းရှိ လက်ဘက်ရည်ဆိုင်မှာ ဖမ်းဆီးရမိခဲ့ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)