အစိုးရအနေနဲ့ သတင်းအမှန်ရဖို့လိုကြောင်း ဖမ်းဆီးခံ ရိုက်တာသတင်းထောက်ဆို (ရုပ်/သံ)

0
917




Soundbit


Soundbit


>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

တိုင်းပြည်က ပြသနာတွေဖြေရှင်းဖို့ အစိုးရအနေနဲ့ သတင်းအချက်အလက်တွေ မှန်မှန်ကန်ကန် ရရှိဖို့လိုတယ်လို့ ဖမ်းဆီးခံ Ruters သတင်းထောက်တွေကပြောဆိုလိုက်ပါတယ် ။ ဒီသတင်းကို MCN သတင်းထောက် .တင်မောင်ထွေး ကတင်ဆက်ပေးထားပါတယ် ။

ရန်ကုန်မြောက်ပိုင်းခရိုင် တရားရုံးမှာ ဖေဖဝါရီလ ၂၈ ရက်နေ့က ရိုက်တာ သတင်းထောက် ၂ ဦး အမှုကို ၈ ကြိမ်မြောက် ရုံးထုတ်ခဲ့ပြီး တရားလိုပြ သက်သေ ၂ ဦးကို စစ်ဆေးပါတယ် ။

ဒီရုံးထုတ်မှာ တိုင်းပြည်မှာ ဖြစ်ပျက်နေတဲ့ ပြသနာတွေကိုဖြေရှင်းဖို့ဆိုရင် အစိုးရအနေနဲ့ သတင်းအချက်အလက်တွေ မှန်မှန်ကန်ကန်ရရှိဖို့ လိုအပ်ပြီး မီဒီယာသမားတွေကို လွတ်လွတ် လပ်လပ် သတင်းရယူရေးသားခွင့်လိုကြောင်း ဖမ်းဆီးခံ Ruters သတင်းထောက်တွေက ပြောပါတယ် ။

Soundbit

အဲ့ဒီရုံးထုတ်မှာ မြန်မာနိုင်ငံအစိုးရ လျှို့ဝှက်ချက်များ အက်ဥပဒေနဲ့ တရားစွဲဆိုခံထားရတဲ့ သတင်းထောက် ကိုဝလုံး (ခ) သက်ဦးမောင်မောင်နဲ့ ကိုကျော်စိုးဦး (ခ) မိုးအောင်တို့ အမှုနဲ့ ပတ်သက်ပြီး တရားလိုပြ သက်သေ တွေကို စစ်ဆေးခဲ့ပါတယ် ။

Soundbit

ရိုတ်တာသတင်းထောက်တွေရဲ့ နောက်ထပ်ရုံးချိန်းကိုတော့ မြောက်ပိုင်းခရိုင် တရားရုံးက မတ် ၇ ရက်သို့ ထပ်မံချိန်းဆိုလိုက်ပြီး အဲဒီနေ့မှာ စစ်ဆေးရန် ကျန်ရှိနေတဲ့ တရားလိုပြသက်သေတွေ အနက်က ၂ ဦးကို ဆက်လက်စစ်ဆေးမှာ ဖြစ်ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)