ရန္ကုန္ေလဆိပ္မွာ အေမရိကန္ ေလယာဥ္တစ္စင္း အေရးေပၚ ဆင္းသက္

0
891

ေဟာင္ေကာင္ကေန အာရပ္ေစာ္ဘြာမ်ားႏို္င္ငံ (UAE) ဒူဘိုင္းေလဆိပ္ကို ပ်ံသန္းေနတဲ့ အေမရိကန္ပိုင္ ကုန္တင္ ေလယာဥ္ဟာ ရန္ကုန္ အျပည္ျပည္ဆိုင္ရာ ေလဆိပ္မွာ အေရးေပၚ ဆင္းသက္ခဲ့ရပါတယ္။

မေန႔က ေဖေဖာ္ဝါရီ ၂၈ ရက္ေန႔မွာ အေမရိကန္ အေျခစိုက္ UPS United Presal Service ကုမၸဏီက ပိုင္ဆိုင္ၿပီး အေမရိကန္ ေလယာဥ္မႉး ကပၸတိန္ လင္ကြန္း ဂ်က္ဆိုနီ ေမာင္းႏွင္ကာ အမႈထမ္း ၃ ဦးပါ ေလယာဥ္ဟာ ကုန္ပစၥည္းထည့္ထားတဲ့ ကြန္တိန္နာပံုးက မီးလွန္႔သံ ျမည္လာလို႔ အေရးေပၚ ဆင္းသက္ခဲ့ရတာ ျဖစ္ပါတယ္။

ေလယာဥ္ေပၚမွာ လစ္သီယံ ဘကၳရီ ၁၇၅ တန္ တင္ေဆာင္ထားပါတယ္။ လံုၿခံဳေရးတပ္ဖြဲ႔၊ မီးသတ္တပ္ဖြဲ႔နဲ႔ တာဝန္ရွိသူေတြက ေလယာဥ္မႉးနဲ႔ ေမးျမန္းရာမွာ လစ္သီယံ ဘကၳရီနံသာ ရရွိေၾကာင္း ေျပာၾကားပါတယ္။ ေလယာဥ္မႉးနဲ႔ အမႈထမ္း ၂ ဦးက ရန္ကုန္မွာ ညအိပ္တည္းခိုၿပီး ေလယာဥ္စစ္ေဆးမယ့္ အင္ဂ်င္နီယာ အဖြဲ႔ စစ္ေဆးၿပီးမွ ဆက္လက္ထြက္ခြာမွာ ျဖစ္ပါတယ္။

>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

ရန်ကုန်လေဆိပ်မှာ အမေရိကန် လေယာဉ်တစ်စင်း အရေးပေါ် ဆင်းသက်

ဟောင်ကောင်ကနေ အာရပ်စော်ဘွာများနိ်ုင်ငံ (UAE) ဒူဘိုင်းလေဆိပ်ကို ပျံသန်းနေတဲ့ အမေရိကန်ပိုင် ကုန်တင် လေယာဉ်ဟာ ရန်ကုန် အပြည်ပြည်ဆိုင်ရာ ေလဆိပ်မှာ အရေးပေါ် ဆင်းသက်ခဲ့ရပါတယ်။

မနေ့က ဖေဖော်ဝါရီ ၂၈ ရက်နေ့မှာ အမေရိကန် အခြေစိုက် UPS United Presal Service ကုမ္ပဏီက ပိုင်ဆိုင်ပြီး အမေရိကန် လေယာဉ်မှူး ကပ္ပတိန် လင်ကွန်း ဂျက်ဆိုနီ မောင်းနှင်ကာ အမှုထမ်း ၃ ဦးပါ လေယာဉ်ဟာ ကုန်ပစ္စည်းထည့်ထားတဲ့ ကွန်တိန်နာပုံးက မီးလှန့်သံ မြည်လာလို့ အရေးပေါ် ဆင်းသက်ခဲ့ရတာ ဖြစ်ပါတယ်။

လေယာဉ်ပေါ်မှာ လစ်သီယံ ဘက္ထရီ ၁၇၅ တန် တင်ဆောင်ထားပါတယ်။ လုံခြုံရေးတပ်ဖွဲ့၊ မီးသတ်တပ်ဖွဲ့နဲ့ တာဝန်ရှိသူတွေက လေယာဉ်မှူးနဲ့ မေးမြန်းရာမှာ လစ်သီယံ ဘက္ထရီနံသာ ရရှိကြောင်း ပြောကြားပါတယ်။ လေယာဉ်မှူးနဲ့ အမှုထမ်း ၂ ဦးက ရန်ကုန်မှာ ညအိပ်တည်းခိုပြီး လေယာဉ်စစ်ဆေးမယ့် အင်ဂျင်နီယာ အဖွဲ့ စစ်ဆေးပြီးမှ ဆက်လက်ထွက်ခွာမှာ ဖြစ်ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)