ဥပေဒေရးရာႏွင့္ အထူးကိစၥရပ္မ်ား ေလ့လာဆန္းစစ္သံုးသပ္ေရး ေကာ္မရွင္ကို သက္တမ္းတိုး

0
884

သူရဦးေရႊမန္း ဥကၠ႒ တာဝန္ယူထားတဲ့ ဥပေဒေရးရာႏွင့္ အထူးကိစၥရပ္မ်ား ေလ့လာဆန္းစစ္သံုးသပ္ေရး ေကာ္မရွင္ကို တစ္ႏွစ္သက္တမ္းတိုးေၾကာင္း ျပည္ေထာင္စု လႊတ္ေတာ္ နာယက မန္းဝင္းခိုင္သန္းက လက္မွတ္ေရးထိုး ထုတ္ျပန္လိုက္ပါတယ္။

၂၀၁၆ ခုႏွစ္ မတ္လ ၁ ရက္ေန႔မွာ ဖြဲ႔စည္းခဲ့တဲ့ ဥပေဒေရးရာႏွင့္ အထူးကိစၥရပ္မ်ား ေလ့လာဆန္းစစ္သံုးသပ္ေရး ေကာ္မရွင္ကို ဒီေန႔ မတ္လ ၁ ရက္ေန႔ကစၿပီး ေနာက္ထပ္ သက္တမ္း တစ္ႏွစ္တိုးလိုက္တာ ျဖစ္ပါတယ္။ တပ္မေတာ္သား လႊတ္ေတာ္ကိုယ္စားလွယ္ ဒုတိယဗိုလ္မႉးႀကီး မ်ဳိးထြန္းဝင္းက မေန႔က ေဖေဖာ္ဝါရီလ ၂၈ ရက္ေန႔ ျပည္ေထာင္စုလႊတ္ေတာ္ အစည္းအေဝးမွာ ဒီေကာ္မရွင္ သက္တမ္းတိုးတာကို ကန္႔ကြက္ခဲ့ပါတယ္။

အဲဒီလို ကန္႔ကြက္မႈေတြ ရွိတဲ့အတြက္ မဲခြဲဆံုးျဖတ္ရာမွာ ေထာက္ခံမဲ ၂၉၅ မဲ၊ ကန္႔ကြက္မဲ ၁၇၉ မဲ ျဖစ္လို႔ ကာ္မရွင္သက္တမ္းတုိးတာကို လႊတ္ေတာ္က အတည္ျပဳလိုက္တာ ျဖစ္ပါတယ္။

>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

ဥပဒေရေးရာနှင့် အထူးကိစ္စရပ်များ လေ့လာဆန်းစစ်သုံးသပ်ရေး ကော်မရှင်ကို သက်တမ်းတိုး

သူရဦးရွှေမန်း ဥက္ကဋ္ဌ တာဝန်ယူထားတဲ့ ဥပဒေရေးရာနှင့် အထူးကိစ္စရပ်များ လေ့လာဆန်းစစ်သုံးသပ်ရေး ကော်မရှင်ကို တစ်နှစ်သက်တမ်းတိုးကြောင်း ပြည်ထောင်စု လွှတ်တော် နာယက မန်းဝင်းခိုင်သန်းက လက်မှတ်ရေးထိုး ထုတ်ပြန်လိုက်ပါတယ်။

၂၀၁၆ ခုနှစ် မတ်လ ၁ ရက်နေ့မှာ ဖွဲ့စည်းခဲ့တဲ့ ဥပဒေရေးရာနှင့် အထူးကိစ္စရပ်များ လေ့လာဆန်းစစ်သုံးသပ်ရေး ကော်မရှင်ကို ဒီနေ့ မတ်လ ၁ ရက်နေ့ကစပြီး နောက်ထပ် သက်တမ်း တစ်နှစ်တိုးလိုက်တာ ဖြစ်ပါတယ်။ တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ် ဒုတိယဗိုလ်မှူးကြီး မျိုးထွန်းဝင်းက မနေ့က ဖေဖော်ဝါရီလ ၂၈ ရက်နေ့ ပြည်ထောင်စုလွှတ်တော် အစည်းအဝေးမှာ ဒီကော်မရှင် သက်တမ်းတိုးတာကို ကန့်ကွက်ခဲ့ပါတယ်။

အဲဒီလို ကန့်ကွက်မှုတွေ ရှိတဲ့အတွက် မဲခွဲဆုံးဖြတ်ရာမှာ ထောက်ခံမဲ ၂၉၅ မဲ၊ ကန့်ကွက်မဲ ၁၇၉ မဲ ဖြစ်လို့ ကာ်မရှင်သက်တမ်းတိုးတာကို လွှတ်တော်က အတည်ပြုလိုက်တာ ဖြစ်ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)