သဘာဝ အရင္းအျမစ္ေတြ ထိန္းသိမ္းကာကြယ္ေရး ႀကိဳးပမ္းမႈ ဥေရာပ သမဂၢ ဂုဏ္ျပဳ

0
894

မတ္လ ၃ ရက္ေန႔မွာ က်ေရာက္မယ့္ ကမာၻ႔ေတာ႐ိုင္း တိရစၧာန္မ်ားေန႔မွာ မ်ဳိးသုဥ္းလုနီးပါး အႏၲရာယ္နဲ႔ ရင္ဆိုင္ႀကံဳေတြ႕ေနရတဲ့ ေတာ႐ိုင္းတိရစၧာန္မ်ား ကာကြယ္ေစာင့္ေရွာက္မႈ အပါအဝင္ ျမန္မာႏိုင္ငံရဲ႕ အလြန္တန္ဖိုးရွိတဲ့ သဘာဝ အရင္းအျမစ္ေတြကို ထိန္းသိမ္းကာကြယ္ ေစာင့္ေရွာက္ေရး ႀကိဳးပမ္း ေနမႈေတြေၾကာင့္ ျမန္မာအစိုးရကို ဂုဏ္ျပဳေၾကာင္း ဥေရာပသမဂၢက သတင္းထုတ္ျပန္ထားပါတယ္။

ျမန္မာႏိုင္ငံကို လာေရာက္ လည္ပတ္ၿပီးေတာ့ ျမန္မာႏိုင္ငံမွာ ဘယ္ေလာက္ ဆန္းၾကယ္တဲ့ သဘာဝ သယံဇာတေတြ၊ ေတာ႐ိုင္းတိရစၧာန္ေတြကို ထိန္းသိမ္းထားတယ္ဆိုတာကို သိရွိႏိုင္ဖို႔ ကြၽန္ေတာ္တို႔အေနနဲ႔ ဖိတ္ေခၚေပးလို႔ ရပါတယ္၊ ဒါေပမယ့္ တစ္ဖက္ကေနလည္း ကြၽန္ေတာ္တို႔ ဥေရာပႏိုင္ငံသားေတြ အေနနဲ႔ ျမန္မာႏိုင္ငံကို လာေရာက္ၿပီး ေနာက္ဆုံးက်န္ေနတဲ့ ဆင္ေတြရဲ႕ ခႏၶာကိုယ္ အစိတ္အပိုင္းေတြကို လာေရာက္ ဝယ္ယူတာမ်ဳိး အျဖစ္မခံႏိုင္ပါဘူးလို႔ ျမန္မာႏိုင္ငံဆိုင္ရာ ဥေရာပသမဂၢ သံအမတ္ႀကီး မစၥတာ ခရစၥတင္ ရွမစ္က ေျပာပါတယ္။

ျမန္မာအစိုးရ အစိုးရအေနနဲ႔ ေစ်းကြက္ေတြ ပိတ္သိမ္းတာ၊ ကင္းလွည့္ထိန္းသိမ္းေရး ဝန္ထမ္းေတြကို သင္တန္းေပးတာမ်ဳိးေတြ လုပ္ေနတာ ေတြ႔ရတဲ့အတြက္လည္း အားရေက်နပ္ပါတယ္၊ ေရွ႕ဆက္ၿပီးေတာ့ လုပ္သြားရမယ့္ လမ္းစဥ္ေတြအတြက္လည္း အားေပးေထာက္ခံပါတယ္၊ ေတာ႐ိုင္းတိရစၧာန္ တရားမဝင္ ေရာင္းဝယ္ေမွာင္ခိုကူးတဲ့ လုပ္ငန္းဆိုတာ အင္မတန္ အက်ဳိးအျမတ္ရတဲ့ လုပ္ငန္းျဖစ္တဲ့အတြက္ ကိုင္တြယ္ရတာ ခက္ခဲပါတယ္လို႔ ျမန္မာႏိုင္ငံဆိုင္ရာ ဒိန္းမတ္ သံအမတ္ႀကီး မစၥတာ ပီတာ လီေရွာ့တ္က သတင္းစာ ရွင္းလင္းပြဲမွာ ေျပာပါတယ္။

>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

သဘာဝ အရင်းအမြစ်တွေ ထိန်းသိမ်းကာကွယ်ရေး ကြိုးပမ်းမှု ဥရောပ သမဂ္ဂ ဂုဏ်ပြု

မတ်လ ၃ ရက်နေ့မှာ ကျရောက်မယ့် ကမ္ဘာ့တောရိုင်း တိရစ္ဆာန်များနေ့မှာ မျိုးသုဉ်းလုနီးပါး အန္တရာယ်နဲ့ ရင်ဆိုင်ကြုံတွေ့နေရတဲ့ တောရိုင်းတိရစ္ဆာန်များတွေ ကာကွယ်စောင့်ရှောက်မှု အပါအဝင် မြန်မာနိုင်ငံရဲ့ အလွန်တန်ဖိုးရှိတဲ့ သဘာဝ အရင်းအမြစ်တွေကို ထိန်းသိမ်းကာကွယ် စောင့်ရှောက်ရေး ကြိုးပမ်း နေမှုတွေကြောင့် မြန်မာအစိုးရကို ဂုဏ်ပြုကြောင်း ဥရောပသမဂ္ဂက သတင်းထုတ်ပြန်ထားပါတယ်။

မြန်မာနိုင်ငံကို လာရောက် လည်ပတ်ပြီးတော့ မြန်မာနိုင်ငံမှာ ဘယ်လောက် ဆန်းကြယ်တဲ့ သဘာဝ သယံဇာတတွေ၊ တောရိုင်းတိရစ္ဆာန်တွေကို ထိန်းသိမ်းထားတယ်ဆိုတာကို သိရှိနိုင်ဖို့ ကျွန်တော်တို့အနေနဲ့ ဖိတ်ခေါ်ပေးလို့ ရပါတယ်၊ ဒါပေမယ့် တစ်ဖက်ကနေလည်း ကျွန်တော်တို့ ဥရောပနိုင်ငံသားတွေ အနေနဲ့ မြန်မာနိုင်ငံကို လာရောက်ပြီး နောက်ဆုံးကျန်နေတဲ့ ဆင်တွေရဲ့ ခန္ဓာကိုယ် အစိတ်အပိုင်းတွေကို လာရောက် ဝယ်ယူတာမျိုး အဖြစ်မခံနိုင်ပါဘူးလို့ မြန်မာနိုင်ငံဆိုင်ရာ ဥရောပသမဂ္ဂ သံအမတ်ကြီး မစ္စတာ ခရစ္စတင် ရှမစ်က ပြောပါတယ်။

မြန်မာအစိုးရ အစိုးရအနေနဲ့ ဈေးကွက်တွေ ပိတ်သိမ်းတာ၊ ကင်းလှည့်ထိန်းသိမ်းရေး ဝန်ထမ်းတွေကို သင်တန်းပေးတာမျိုးတွေ လုပ်နေတာ တွေ့ရတဲ့အတွက်လည်း အားရကျေနပ်ပါတယ်၊ ရှေ့ဆက်ပြီးတော့ လုပ်သွားရမယ့် လမ်းစဉ်တွေအတွက်လည်း အားပေးထောက်ခံပါတယ်၊ တောရိုင်းတိရစ္ဆာန် တရားမဝင် ရောင်းဝယ်မှောင်ခိုကူးတဲ့ လုပ်ငန်းဆိုတာ အင်မတန် အကျိုးအမြတ်ရတဲ့ လုပ်ငန်းဖြစ်တဲ့အတွက် ကိုင်တွယ်ရတာ ခက်ခဲပါတယ်လို့ မြန်မာနိုင်ငံဆိုင်ရာ ဒိန်းမတ် သံအမတ်ကြီး မစ္စတာ ပီတာ လီရှော့တ်က သတင်းစာ ရှင်းလင်းပွဲမှာ ပြောပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)