႐ိုက္တာ သတင္းေထာက္ေတြ အမႈ တရားလိုျပ သက္ေသ ၂ ဦးကို စစ္ေဆး

0
874

ရန္ကုန္ေျမာက္ပိုင္းခ႐ိုင္ တရား႐ံုးမွာ ႐ိုက္တာ သတင္းေထာက္ ၂ ဦး အမႈနဲ႔ ပတ္သက္လို႔ တရားလိုျပ သက္ေသ ၂ ဦးကို မေန႔က ေဖေဖာ္ဝါရီ ၂၈ ရက္မွာ စစ္ေဆးပါတယ္။

ျမန္မာႏိုင္ငံအစိုးရ လွ်ဳိ႕ဝွက္ခ်က္မ်ား အက္ဥပေဒနဲ႔ တရားစြဲဆိုခံထားရတဲ့ သတင္းေထာက္ ကိုဝလံုး (ခ) သက္ဦးေမာင္ေမာင္နဲ႔ ကိုေက်ာ္စိုးဦး (ခ) မိုးေအာင္တို႔ အမႈနဲ႔ ပတ္သက္ၿပီး တရားလိုျပ သက္ေသ ကုန္းတလေပါင္ေက်းရြာ ရာအိမ္မွဴး ဦးေက်ာ္ရွိန္၊ စားေသာက္ဆိုင္ပိုင္ရွင္ ေဒၚေဌးေဌးျမင့္ တို႔ကို ထပ္မံ စစ္ေဆးတာ ျဖစ္ပါတယ္။

အမႈကို ေျမာက္ပိုင္းခ႐ိုင္ တရား႐ံုးက မတ္ ၇ ရက္သို႔ ထပ္မံခ်ိန္းဆိုလိုက္ၿပီး အဲဒီေန႔မွာ စစ္ေဆးရန္ က်န္ရွိေနတဲ့ တရားလိုျပသက္ေသေတြ အနက္က ၂ ဦးကို ဆက္လက္စစ္ေဆးမွာ ျဖစ္ပါတယ္။ တင္သြင္းထားတဲ့ သက္ေသေတြအနက္ ႐ံုးခ်ိန္းေပါင္း ၇ ႀကိမ္မွာ ၈ ဦးအထိ စစ္ေဆးခဲ့ၿပီး ျဖစ္ပါတယ္။

>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

ရိုက်တာ သတင်းထောက်တွေ အမှု တရားလိုပြ သက်သေ ၂ ဦးကို စစ်ဆေး

ရန်ကုန်မြောက်ပိုင်းခရိုင် တရားရုံးမှာ ရိုက်တာ သတင်းထောက် ၂ ဦး အမှုနဲ့ ပတ်သက်လို့ တရားလိုပြ သက်သေ ၂ ဦးကို မနေ့က ဖေဖော်ဝါရီ ၂၈ ရက်မှာ စစ်ဆေးပါတယ်။

မြန်မာနိုင်ငံအစိုးရ လျှို့ဝှက်ချက်များ အက်ဥပဒေနဲ့ တရားစွဲဆိုခံထားရတဲ့ သတင်းထောက် ကိုဝလုံး (ခ) သက်ဦးမောင်မောင်နဲ့ ကိုကျော်စိုးဦး (ခ) မိုးအောင်တို့ အမှုနဲ့ ပတ်သက်ပြီး တရားလိုပြ သက်သေ ကုန်းတလပေါင်ကျေးရွာ ရာအိမ်မှူး ဦးကျော်ရှိန်၊ စားသောက်ဆိုင်ပိုင်ရှင် ဒေါ်ဌေးဌေးမြင့် တို့ကို ထပ်မံ စစ်ဆေးတာ ဖြစ်ပါတယ်။

အမှုကို မြောက်ပိုင်းခရိုင် တရားရုံးက မတ် ၇ ရက်သို့ ထပ်မံချိန်းဆိုလိုက်ပြီး အဲဒီနေ့မှာ စစ်ဆေးရန် ကျန်ရှိနေတဲ့ တရားလိုပြသက်သေတွေ အနက်က ၂ ဦးကို ဆက်လက်စစ်ဆေးမှာ ဖြစ်ပါတယ်။ တင်သွင်းထားတဲ့ သက်သေတွေအနက် ရုံးချိန်းပေါင်း ၇ ကြိမ်မှာ ၈ ဦးအထိ စစ်ဆေးခဲ့ပြီး ဖြစ်ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)