ေထာင္တြင္း မူးယစ္ေဆး ခိုးသြင္းသူ ဝန္ထမ္းကို ဖမ္းဆီး

0
918

ကရင္ျပည္နယ္၊ ဘားအံ အက်ဥ္းေထာင္ထဲကို မူးယစ္ေဆး ခိုးသြင္းတဲ့ ဝန္ထမ္း တစ္ဦးနဲ႔ ခိုးသြင္းေပးဖို႔ စည္း႐ံုးသူ ၃ ဦးကို အမႈဖြင့္ အေရးယူထားပါတယ္။

ဘားအံ အက်ဥ္းေဆာင္ခန္းမအတြင္း ေမွ်ာ္စင္ ၃ တာဝန္က် ဒုတပ္ၾကပ္ ေစာဝင္းစိုး ပစ္ထည့္ထားတဲ့ အထုပ္ကို စစ္ေဆးခဲ့ရာမွာ ဖက္ရြက္နဲ႔ ထုပ္ထားၿပီး အနက္ေရာင္တိပ္နဲ႔ ပတ္ထားတဲ့ အထုပ္ထဲက စိတ္ၾကြေဆးျပား ၅၈၈ ျပားကို ရွာေဖြ သိမ္းဆည္းရမိခဲ့ပါတယ္။

မူးယစ္ေဆးမႈနဲ႔ ျပစ္ဒဏ္က်ခံေနရတဲ့ ဇင္ဘိုဘိုထူး (ခ) ဇင္ဘို (၃၁ ႏွစ္)၊ ခင္ေထြး (၄၀ ႏွစ္)၊ ေစာလံု (၄၅ ႏွစ္) တို႔က ဘားအံၿမိဳ႕၊ အမွတ္ (၅) ရပ္ကြက္၊ ဓမၼဝါသီ (၁) လမ္းေန ျမင့္သူရ (ခ) အပေလာင္ဆီကေန စိတ္ၾကြေဆးျပားေတြယူၿပီး ေထာင္တြင္းကို ပို႔ေပးရင္ ေငြက်ပ္ ၅ သိန္း ေပးမယ္လို႔ စည္း႐ံုးတဲ့အတြက္ ေဖေဖာ္ဝါရီ ၂၇ ရက္ေန႔က ယူေဆာင္လာခဲ့တာ ျဖစ္ပါတယ္။

ဒု တပ္ၾကပ္ ေစာဝင္းစိုး၊ စည္း႐ံုးတဲ့ အက်ဥ္းသား ၃ ဦး၊ ျမင့္သူရ (ခ) အပေလာင္တို႔ကို စက္မႈဇုန္နယ္ေျမ ရဲစခန္းက အမႈဖြင့္ အေရးယူထားပါတယ္။ ျမင့္သူရကေတာ့ ထြက္ေျပး တိမ္းေရွာင္ေနပါတယ္။

>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

ထောင်တွင်း မူးယစ်ဆေး ခိုးသွင်းသူ ဝန်ထမ်းကို ဖမ်းဆီး

ကရင်ပြည်နယ်၊ ဘားအံ အကျဉ်းထောင်ထဲကို မူးယစ်ဆေး ခိုးသွင်းတဲ့ ဝန်ထမ်း တစ်ဦးနဲ့ ခိုးသွင်းပေးဖို့ စည်းရုံးသူ ၃ ဦးကို အမှုဖွင့် အရေးယူထားပါတယ်။

ဘားအံ အကျဉ်းဆောင်ခန်းမအတွင်း မျှော်စင် ၃ တာဝန်ကျ ဒုတပ်ကြပ် စောဝင်းစိုး ပစ်ထည့်ထားတဲ့ အထုပ်ကို စစ်ဆေးခဲ့ရာမှာ ဖက်ရွက်နဲ့ ထုပ်ထားပြီး အနက်ရောင်တိပ်နဲ့ ပတ်ထားတဲ့ အထုပ်ထဲက စိတ်ကြွဆေးပြား ၅၈၈ ပြားကို ရှာဖွေ သိမ်းဆည်းရမိခဲ့ပါတယ်။

မူးယစ်ဆေးမှုနဲ့ ပြစ်ဒဏ်ကျခံနေရတဲ့ ဇင်ဘိုဘိုထူး (ခ) ဇင်ဘို (၃၁ နှစ်)၊ ခင်ထွေး (၄၀ နှစ်)၊ စောလုံ (၄၅ နှစ်) တို့က ဘားအံမြို့၊ အမှတ် (၅) ရပ်ကွက်၊ ဓမ္မဝါသီ (၁) လမ်းနေ မြင့်သူရ (ခ) အပလောင်ဆီကနေ စိတ်ကြွဆေးပြားတွေယူပြီး ထောင်တွင်းကို ပို့ပေးရင် ငွေကျပ် ၅ သိန်း ပေးမယ်လို့ စည်းရုံးတဲ့အတွက် ဖေဖော်ဝါရီ ၂၇ ရက်နေ့က ယူဆောင်လာခဲ့တာ ဖြစ်ပါတယ်။

ဒု တပ်ကြပ် စောဝင်းစိုး၊ စည်းရုံးတဲ့ အကျဉ်းသား ၃ ဦး၊ မြင့်သူရ (ခ) အပလောင်တို့ကို စက်မှုဇုန်နယ်မြေ ရဲစခန်းက အမှုဖွင့် အရေးယူထားပါတယ်။ မြင့်သူရကတော့ ထွက်ပြေး တိမ်းရှောင်နေပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)