ဘဂၤလားေဒ့ရွ္ဘက္မွာ ျမန္မာ ၆ ဦးကို ယာဘေဆးျပား ၃ သိန္းနဲ႔အတူ ဖမ္းမိ

0
955

ဘဂၤလားေဒ့ရွ္ႏိုင္ငံ၊ ေကာက္ဘဇားရွိ တကၠနပ္ဖ္ျမစ္ထဲက ငါးဖမ္းေလွမွာ ျမန္မာ ၆ ဦးကို ယာဘေဆးျပား ၃ သိန္းနဲ႔အတူ ဖမ္းမိတယ္လို႔ ဘဂၤလားေဒ့ရွ္ ရဲေတြက ေျပာပါတယ္။

ဘဂၤလားေဒ့ရွ္ ကမ္းေျခေစာင့္တပ္က ေဖေဖာ္ဝါရီ ၂၈ ရက္ေန႔မွာ ငါးဖမ္းေလွကို တားဆီးစစ္ေဆးစဥ္ ယာဘေဆးျပားေတြ ဖမ္းမိခဲ့တာ ျဖစ္တယ္လို႔ ရဲအရာရွိ ေဖဇယ္ အစၥလမ္ မြန္ဒယ္က ေျပာပါတယ္။ ဖမ္းမိသူေတြကို တကၠနပ္ဖ္ ရဲဌာနကို လႊဲေျပာင္းေပးထားပါတယ္။

ဖမ္းဆီးရမိသူေတြရဲ႕ အမည္ေတြကိုေတာ့ ဘဂၤလားေဒ့ရွ္ ရဲတပ္ဖြဲ႔က ထုတ္ျပန္ျခင္း မရွိေသးပါဘူး။

>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

ဘင်္ဂလားဒေ့ရှ်ဘက်မှာ မြန်မာ ၆ ဦးကို ယာဘဆေးပြား ၃ သိန်းနဲ့အတူ ဖမ်းမိ

ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ ကောက်ဘဇားရှိ တက္ကနပ်ဖ်မြစ်ထဲက ငါးဖမ်းလှေမှာ မြန်မာ ၆ ဦးကို ယာဘဆေးပြား ၃ သိန်းနဲ့အတူ ဖမ်းမိတယ်လို့ ဘင်္ဂလားဒေ့ရှ် ရဲတွေက ပြောပါတယ်။

ဘင်္ဂလားဒေ့ရှ် ကမ်းခြေစောင့်တပ်က ဖေဖော်ဝါရီ ၂၈ ရက်နေ့မှာ ငါးဖမ်းလှေကို တားဆီးစစ်ဆေးစဉ် ယာဘဆေးပြားတွေ ဖမ်းမိခဲ့တာ ဖြစ်တယ်လို့ ရဲအရာရှိ ဖေဇယ် အစ္စလမ် မွန်ဒယ်က ပြောပါတယ်။ ဖမ်းမိသူတွေကို တက္ကနပ်ဖ် ရဲဌာနကို လွှဲပြောင်းပေးထားပါတယ်။

ဖမ်းဆီးရမိသူတွေရဲ့ အမည်တွေကိုတော့ ဘင်္ဂလားဒေ့ရှ် ရဲတပ်ဖွဲ့က ထုတ်ပြန်ခြင်း မရှိသေးပါဘူး။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)