
0
338




>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

တားမြစ်ထားတဲ့ ပဲ့ထိန်း ဒုံးကျည်စနစ်တွေ မြောက်ကိုရီးယားက မြန်မာကို ရောင်းခဲ့

ကုလသမဂ္ဂက ပိတ်ဆို့ အရေးယူမှုတွေ ရှိတဲ့ကြားကနေ မြောက်ကိုရီးယားဟာ မြန်မာနဲ့ ဆီးရီးယားကို လက်နက်တွေ ရောင်းချခဲ့တယ်လို့ ကုလသမဂ္ဂ ကျွမ်းကျင်သူတွေက ပြောပါတယ်။

မြောက်ကိုရီးယားက ဒုံးကျည်မျိုးစုံ၊ မြေပြင်ကနေ ဝေဟင်ပစ်ဒုံးကျည်၊ ပဲ့ထိန်း ဒုံးကျည်စနစ်တွေ အပါအဝင် သမားရိုးကျ လက်နက်တွေ မြန်မာကို ရောင်းချခဲ့တဲ့ အထောက်အထားတွေ အမည်မဖော်လိုတဲ့ ကုလသမဂ္ဂ အဖွဲ့ဝင် နိုင်ငံတစ်နိုင်ငံက တင်ပြခဲ့တယ်လို့ ကျွမ်းကျင်သူတွေက ပြောပါတယ်။

တားမြစ်ပိတ်ပင်မှုတွေ ရှိပေမယ့် မြန်မာနဲ့ ဆီးရီးယားကို မြောက်ကိုရီးယားက လက်နက်တွေ သင်္ဘောနဲ့ တင်ပို့ရောင်းချနေတဲ့ လျှို့ဝှက် အစီရင်ခံစာဟာ ဖေဖော်ဝါရီ ၂ ရက်နေ့ကတည်းက အပြင်ကို ပေါက်ကြားနေပြီး အခု ကုလသမဂ္ဂ ကျွမ်းကျင်သူတွေက အတည်ပြု ပြောဆိုတာ ဖြစ်ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)