DPN ကိုယ်စားလှယ်အဖွဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံဆွေးနွေးမှုအပေါ် ကျေနပ်မှုရှိ ဟုဆို

0
276

ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ (UNFC) ရဲ့ နိုင်ငံရေး ဆိုင်ရာ ညှိနှိုင်းဆွေးနွေးရေး ကိုယ်စားလှယ်အဖွဲ့ (DPN) က  နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံဆွေးနွေးမှု ပြုလုပ်ခဲ့တဲ့အပေါ် ကျေနပ်မှု ရှိတယ်လို့ ပြောဆိုလိုက်ပါတယ်။

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ (DPN) အဖွဲ့ဝင်တွေ ၂ နာရီကြာ တွေ့ဆုံဆွေးမှုတွေအပြီး ပြုလုပ်တဲ့ သတင်းစာရှင်း လင်းပွဲမှာ ကိုယ်စားလှယ်အဖွဲ့ (DPN) အဖွဲ့ဝင်တွေက သတင်းမီဒီယာတွေကို ပြောကြားလိုက်တာပါ။

အဲ့ဒီ သတင်းစာရှင်းလင်းပွဲမှာတော့ (DPN)  အဖွဲ့ဝင်တွေက တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုဆိုင်ရာ ရပ်စဲရေး သဘောတူစာချုပ် (NCA) နဲ့ပတ်သက်တဲ့ အဆိုပြုချက် (၉) ချက်ကို ရှင်းလင်း တင်ပြခဲ့တာဖြစ်ပြီး ဒေါ်အောင်ဆန်းစုကြည်က ပြန်လည်ဆွေးနွေးခဲ့တာပါ။

ဒီလိုဆွေးနွေးမှုတွေအပေါ် လက်ရှိအခြေအနေမှာတော့ အသေးစိတ်ရလဒ်တွေ ထွက်မလာနိုင်သေးပေမယ့် ဆွေးနွေးမှုတွေအပေါ် ကျေနပ်မှုရှိကြောင်း  (DPN)  ကိုယ်စားလှယ်အဖွဲ့ဝင်တွေက သတင်းမီဒီယာတွေကို ပြောကြားခဲ့တာဖြစ်ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)