ကာမိုင်းမြို့မှာ အမိုနီယမ် နိုက်ထရိတ်တွေ ဖမ်းဆီးရမိ

0
279

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ ကာမိုင်းမြို့၊ လ၀ါးစစ်ဆေးရေးဂိတ်မှာ ဖေဖော်ဝါရီလ(၂၇) ရက်နေ့က အမိုနီယမ်နိုက်ထရိတ် တွေ
ဖမ်းဆီးရမိခဲ့ပါတယ်။

တပ်မတော်စစ်ကြောင်းတစ်ခုက မြစ်ကြီးနား-နမ္မတီး-လ၀ါးလမ်းအတိုင်း ယာဉ်မောင်း ကိုမင်းနောင်(ဘ)ဦးသန်းအောင် မောင်းနှင်လာပြီး ကိုကျော်ကျော်ထွန်း(ဘ)ဦးညွန့်ဝေ လိုက်ပါလာတဲ့ တုန်ဖုန်းအမျိုးအစား ခြောက်ဘီးယာဉ်အမှတ်၊ ၉ဌ/—-ကို ရပ်တန့်စစ်ဆေးရာ ယာဉ်ပေါ်မှာ ကြက်ဥဖာတွေ ဘိလပ်မြေအိတ်တွေ ထုံးအိတ်တွေရဲ့ အောက်မှာ ၀ှက်ပြီး သယ်ဆောင်လာတဲ့ အမိုနီယမ်နိုက်ထရိတ် ၁၀၀ အိတ်ကို ဖမ်းဆီးရမိခဲ့တာပါ။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)