နိုင်ငံရေးဆိုင်ရာ ညှိနှိုင်းဆွေးနွေးရေး ကိုယ်စားလှယ်အဖွဲ့ (DPN) က (NCA) နဲ့ပတ်သက်တဲ့ အဆိုပြုချက် (၉) ချက် ဒေါ်အောင်ဆန်းစုကြည်ထံတင်ပြ

0
278

ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ (UNFC) ရဲ့ နိုင်ငံရေး ဆိုင်ရာ ညှိနှိုင်းဆွေးနွေးရေး ကိုယ်စားလှယ်အဖွဲ့ (DPN) က တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုဆိုင်ရာ ရပ်စဲရေးသဘောတူစာချုပ် (NCA) နဲ့ပတ်သက်တဲ့ အဆိုပြုချက် (၉) ချက်ကို နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ထံ တင်ပြလိုက်ပါတယ်။

DPN အဖွဲ့ဝင်တွေက နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ နေပြည် တော်ရှိ အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာနရှိ အစည်းအဝေးခန်းမှာ ညနေ ၃ နာရီခွဲအချိန်က တွေ့ဆုံစဉ် အဲ့ဒီအချက်တွေကို တင်ပြလိုက်တာပါ။

အဲ့ဒီတွေ့ဆုံမှု အခမ်းအနားကိုတော့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့အတူ ပြည်ထောင်စုဝန်ကြီး ဦးကျော်တင့်ဆွေ၊ ငြိမ်းချမ်းရေးကော်မရှင်ဥက္ကဋ္ဌ ဒေါက်တာတင်မျိုးဝင်း၊ ပြည်ထောင်စုရှေ့နေချုပ် ဦးထွန်းထွန်းဦး၊ ဒုတိယ၀န်ကြီးဦးမင်းသူတို့ တက်ရောက်ခဲ့ကြတာပါ။

DPN အဖွဲ့ဝင်တွေဘက်ကတော့ ကရင်နီအမျိုးသားလွတ်မြောက်ရေးပါတီ (KNPP) အတွင်းရေးမှူး ခူဦးရယ်၊ ရှမ်းပြည်တပ်မတော် SSPP ဗဟိုကော်မတီဝင် ဦးစိုင်းထူး၊ မွန်ပြည်သစ်ပါတီ MNSP က ဗဟိုအလုပ်မှုဆောင်ကော်မတီဝင် ဒေါက်တာနိုင်ရွှေသိန်းနဲ့ ဗဟိုကော်မတီဝင် နိုင်အောင်မငေးစတဲ့ ပုဂ္ဂိုလ်တွေ တက်ရောက်ခဲ့ကြတာဖြစ်ပါတယ်။

(DPN) ရဲ့ (NCA) နဲ့ပတ်သက်တဲ့ အဆိုပြုချက် (၉) ချက်မှာတော့ MNDAA,TNLA, KIA တို့ကို အကြမ်းဖက်အဖွဲ့အဖြစ်ကနေ ချက်ချင်း ရုပ်သိမ်းပေးဖို့၊ တပ်မတော်က တိုင်းရင်းသားဒေသတွေမှာ ထိုးစစ်ဆင်တိုက်ခိုက်နေတဲ့ စစ်ဆင်ရေးတွေ အားလုံး ချက်ချင်း ရပ်ဆိုင်းပေးဖို့၊ အားလုံးပါဝင်ရေးမူကို ဖော်ဆောင်ပြီး တန်းတူညီမျှမှုရှိတဲ့ ဆွေးနွေးတဲ့ ပုံစံတွေဖြစ်ဖို့ စတဲ့အချက်တွေ ပါဝင်နေတာဖြစ်ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)