မွန်ပြည်နယ် ၀န်ကြီးချုပ်အဖြစ် ဒေါက်တာ အေးဇံကို ခန့်အပ်ဖို့ သဘောတူ

0
265

ဒီကနေ့ ကျင်းပနေတဲ့ မွန်ပြည်နယ် လွှတ်တော်မှာ မွန်ပြည်နယ် ၀န်ကြီးချုပ်အဖြစ် ဒေါက်တာ အေးဇံကို ခန့်အပ်ဖို့ မွန်ပြည်နယ် လွှတ်တော်ကိုယ်စားတွေက ကန့်ကွက်မဲ မရှိ ထောက်ခံလိုက်ပါတယ်။

ပြည်နယ် လွှတ်တော်ကိုယ်စားလှယ်တွေရဲ့ ထောက်ခံမဲတွေကို ဒီကနေ့ပဲ နိုင်ငံတော် သမ္မတထံ တင်ပြထားပြီဖြစ်ပြီး မွန်ပြည်နယ် ၀န်ကြီးချုပ်အဖြစ် ဒေါက်တာ အေးဇံကို အတည်ပြုဖို့ သမ္မတရဲ့ အမိန့်ကို စောင့်ဆိုင်းနေတယ်လို့ ကျိုက်ထိုမြို့နယ် မဲဆန္ဒနယ်မြေ (၁) ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဦးဝဏ္ဏကျော်က MCN သတင်းဌာနကို ပြောပါတယ်။

ဒေါက်တာ အေးဇံဟာ ကျိုက်ထိုမြို့နယ် မဲဆန္ဒနယ်မြေ (၂) ပြည်နယ် လွှတ်တော် ကိုယ်စားလှယ် တစ်ဦးဖြစ်ပြီး ပြီးခဲ့တဲ့ ရက်ပိုင်းက နှုတ်ထွက်သွားတဲ့ မွန်ပြည်နယ် ၀န်ကြီးချုပ်ဟောင်း ဦးမင်းမင်းဦးရဲ့ နေရာအတွက် အဆိုပြုခံရသူ ဖြစ်ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)