တရုတ်-မြန်မာ ခရီးသွားလုပ်ငန်း ပူးပေါင်း ဆောင်ရွက်ရေး ဖိုရမ် ကျင်းပ

0
317

တရုတ်နိုင်ငံနှင့် မြန်မာနိုင်ငံ ခရီးသွားလုပ်ငန်း ပူးပေါင်းဆောင်ရွက်ရေး ဖိုရမ်ကို ယနေ့ နေပြည်တော်မှာ စတင်ကျင်းပပါတယ်။ ဒီလိုမျိုး ဖိုရမ်ဟာ တရုတ်နဲ့ မြန်မာကြား ပထမဆုံးလည်း ဖြစ်ပါတယ်။

ဒီဖိုရမ်ကို တရုတ်နိုင်ငံ အမျိုးသား ခရီးသွား စီမံခန့်ခွဲရေးအဖွဲ့ (CNTA)၊ မြန်မာ့ ဟိုတယ်နှင့် ခရီးသွားလုပ်ငန်း ဝန်ကြီးဌာန၊ မြန်မာပြည်ဆိုင်ရာ တရုတ်သံရုံးနဲ့ တရုတ်နိုင်ငံ၊ ယူနန်ပြည်နယ် အစိုးရတို့ ပူးပေါင်း ဆောင်ရွက်တာဖြစ်ပါတယ်။

အခမ်းအနားဖွင့်ပွဲမှာ ဟိုတယ်နှင့် ခရီးသွားလုပ်ငန်း ဝန်ကြီး ဦးအုန်းမောင်က ဒီဖိုရမ်ဟာ ခရီးလုပ်ငန်းကဏ္ဍမှာ နှစ်ဦးနှစ်ဘက် ပိုမိုပူးပေါင်းဆောင်ရွက်နိုင်ဖို့ ရည်ရွယ်တယ်လို့ ဆိုပါတယ်။

CNTA ဒု ဥက္ကဋ္ဌ ဒူကျင်းကတော့ ၂၀၀၁ ခုနှစ်ကစလို့ မြန်မာဟာ တရုတ် အဖွဲ့လိုက် ခရီးသွားသူတွေရဲ့ ရေပန်းစားရာနေရာ ဖြစ်လာကြောင်း၊ တရုတ်ဟာ မြန်မာ့ခရီးသွားလုပ်ငန်းရဲ့ ဒုတိယ ဝင်ငွေ အများဆုံးရရှိရာ ရင်းမြစ်လာတဲ့အတွက် ခရီးသွားလုပ်ငန်းဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး သဘောတူစာချုပ်များ ချုပ်ဆိုသွားမှာ ဖြစ်ကြောင်း ပြောဆိုခဲ့သည်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)