လူမှုဝန်ထမ်းဦးစီးဌာနရဲ့ တတိယအဆင့် အသိအမှတ်ပြု ဂေဟာက ကလေးသူငယ် (၆၇၀) အတွက် လူကယ်ပြန် ၀န်ကြီးဌာနက ကျပ်ငွေ ၂ သိန်းတိတိလှူဒါန်း

0
379

လူမှုဝန်ထမ်းဦးစီးဌာနရဲ့ တတိယအဆင့် အသိအမှတ်ပြု ဂေဟာက ကလေးသူငယ် (၆၇၀) အတွက် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေး ဝန်ကြီးဌာနက ကျပ်ငွေ ၂ သိန်းတိတိကို ပေးအပ်လှူဒါန်းလိုက်ပါတယ်။

လယ်ဝေးမြို့နယ်၊ သာဝတ္တိမြို့၊ မဟာပရဟိတ (စမတောင်) မှာ လက်ခံစောင့်ရှောက်ထားတဲ့ ကလေးတွေအတွက် မတ် ၁ ရက်နေ့မှာ ပြည်ထောင်စု ဝန်ကြီး ဒေါက်တာ ဝင်းမြတ်အေးက သွားရောက်လှူဒါန်းခဲ့တာပါ။

အဲ့ဒီအလှူငွေနဲ့ ကလေးတွေကို ရှေးဦးအရွယ်ကလေး သူငယ် ပြုစုပျိုး ထောင်ရေးနဲ့ ဖွံဖြိုးရေးဆိုင်ရာ မူဝါဒ၊ မူကြိုနည်းပညာရပ်တွေနဲ့အညီ လူမှုဝန်ထမ်း နည်းလမ်းတွေနဲ့ ပြုစုစောင့်ရှောက်မှုပေးနိုင်ရေး၊ ပညာရေး၊ ကျန်းမာရေးနဲ့ အသက်မွေးဝမ်း ကျောင်းပညာရပ်တွေကို ပိုမို ထိရောက်စွာ ဖြည့်ဆည်းဆောင်ရွက်ပေးနိုင်ရေးကို ဂေဟာက ဆောင်ရွက်ပေးရမှာလဲ ဖြစ်ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)