ရွေးကောက်ပွဲ ကုန်ကျစရိတ်စာရင်းတွေကို စနစ်တကျ ပြုစုထားဖို့ ကော်မရှင် အသိပေး

0
271

ကြားဖြတ်ရွေးကောက်ပွဲမှာ ၀င်ရောက်ယှဉ်ပြိုင် နေကြတဲ့ လွှတ်တော် ကိုယ်စားလှယ်လောင်းတွေ ရွေးကောက်ပွဲ ကုန်ကျစရိတ်စာရင်းတွေကို စနစ်တကျ ပြုစုထားဖို့ ကော်မရှင်က အသိပေးနှိုးဆော်လိုက်ပါတယ်။

မတ်လ (၁) ရက်နေ့ ရက်စွဲနဲ့ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်က အသိပေးနှိုးဆော်စာ ထုတ်ပြန် လိုက်တာပါ။

အဲဒီလိုအသိပေး နှိုးဆော်ရာမှာတော့ ကိုယ်စားလှယ်လောင်းတွေအနေနဲ့ လွှတ်တော်ရွေးကောက်ပွဲ ဥပဒေ၊ နည်းဥပဒေတွေပါ သတ်မှတ်ချက်တွေအတိုင်း ရွေးကောက် တင်မြှောက်ခံရတဲ့ လွှတ်တော် ကိုယ်စား လှယ်ရဲ့ အမည်ကို ကြေညာပြီးနောက် ရက်ပေါင်း ၃၀ အတွင်း တင်သွင်းကြရမှာဖြစ်ပါတယ်။

ဒါကြောင့် ကိုယ်စားလှယ်တွေအနေနဲ့ အသုံးစရိတ် စာရင်းတွေနဲ့ ပြေစာတွေကို စနစ်တကျပြုစု ထားကြဖို့ လိုအပ်နေတာ ဖြစ်ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)