လက်နက်ကိုင်ပြီး နိုင်ငံရေး အခွင့်အရေး တောင်းဆိုတာကို လက်မခံဘူးလို့ ကာချုပ် ပြောကြား

0
334

လက်နက်ကိုင်ပြီး နိုင်ငံရေး အခွင့်အရေး တောင်းဆိုတာကို လက်မခံဘူးလို့ ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောကြား လိုက်ပါတယ်။

မတ်လ (၁) နေ့ မနက်ပိုင်းက နေပြည်တော်ရှိ ဘုရင့်နောင်ရိပ်သာ ဧည့်ခန်းမဆောင်မှာ တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ နိုင်ငံခြားရေး ၀န်ကြီးဌာန၊ အာရှရေးရာ အထူးကိုယ်စားလှယ် H.E. Mr. Sun Guoxiang ကို လက်ခံတွေ့ဆုံစဉ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က အဲ့ဒီလို ပြောကြားလိုက်တာပါ။

ဒီလိုပြောကြားမှာတော့ ကာကွယ်ရေး ဦးစီးချုပ်က တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အချို့အနေနဲ့ NCA ကို လက်မှတ်ရေးထိုးမှု မပြုရတဲ့ အကြောင်း အရင်းမှာ နိုင်ငံတကာမှာ ကျင့်သုံးနေတဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေကို မလုပ်ချင်တာကြောင့် ဖြစ်တယ်လို့လည်း ပြောကြားလိုက်တာဖြစ်ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)