ဆန္ဒမဲလက်မှတ်တွေကို ကြားဖြတ်ရွေးကောက်ပွဲ ကျင်းပမယ့် နေရာတွေဆီ ပို့ဆောင်လိုက်ပြီ

0
261

လာမယ့် ကြားဖြတ်ရွေးကောက်ပွဲအတွက် ဆန္ဒမဲလက်မှတ်တွေကို ကြားဖြတ်ရွေးကောက်ပွဲ ကျင်းပမယ့် နေရာတွေဆီ ဖေဖော်ဝါရီလ(၂၈)ရက်နေ့ကပဲ ပို့ဆောင်လိုက်ပြီဖြစ်ပါတယ်။

၂၀၁၇ ခုနှစ် ဧပြီလ (၁) ရက်နေ့မှာ ကျင်းပမယ့် ကြားဖြတ်ရွေးကောက်ပွဲမှာ ယှဉ်ပြိုင်ကြမယ့် နေရာတွေကတော့ မွန်ပြည်နယ်၊ ရခိုင်ပြည်နယ်၊ ရှမ်းပြည်နယ်၊ ချင်းပြည်နယ်၊ ကယားပြည်နယ်၊ စစ်ကိုင်းတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီးနဲ့ ရန်ကုန်တိုင်းဒေသကြီးတွေပဲ ဖြစ်ကြပါတယ်။

ယမန်နေ့ ဖေဖော်ဝါရီလ(၂၈)ရက်နေ့က ပို့ဆောင်ပေးလိုက်တဲ့ ဆန္ဒမဲလက်မှတ် အရေအတွက်ဟာ ၂၂၂၅၀၅၀ စောင်ဖြစ်ပြီး အဲဒီဆန္ဒမဲ လက်မှတ်တွေထဲက ပြည်သူ့လွှတ်တော်မဲဆန္ဒနယ်မြေ ကိုးခုအတွက် ဆန္ဒမဲလက်မှတ် ၁၂၅၁၃၀၀ စောင်၊ အမျိုးသားလွှတ်တော် မဲဆန္ဒနယ်မြေ သုံးခုအတွက် ဆန္ဒမဲလက်မှတ် ၇၄၀၅၅၀ စောင်နဲ့ တိုင်းနဲ့ပြည်သူလွှတ်တော် မဲဆန္ဒနယ်မြေ ခုနှစ်ခုအတွက် ဆန္ဒမဲလက်မှတ် ၂၃၃၂၀၀ စောင်တို့ပဲ ဖြစ်ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)