နိုင်ငံရေး ဖြစ်စဉ်မှာ ပါခွင့်မရတဲ့ နိုင်ငံရေး အင်အားစုများ ပါတီ ထောင်မယ်

0
276

လက်ရှိ မြန်မာ့နိုင်ငံရေးဖြစ်စဉ်မှာ ပါဝင်ခွင့် မရတဲ့ နိုင်ငံရေး အင်အားစုတွေ စုပေါင်းပြီး နိုင်ငံရေးပါတီတစ်ရပ်ကို ထူထောင်ဖို့ ရှိနေပါတယ်။

အဲဒီလို နိုင်ငံရေးပါတီ ထူထောင်မယ့် လုပ်ငန်းစဉ်တွေနဲ့ ပတ်သက်တဲ့ သတင်းစာရှင်းလင်းပွဲကို မတ်လ (၂) ရက်နေ့ နေ့လည် ၁ နာရီ ရန်ကုန်မြို့ရှိ တော်ဝင်နှင်းဆီ ခန်းမမှာ ကျင်းပဖို့ ရှိပါတယ်။

ဒီနိုင်ငံရေး အင်အားစုတွေထဲမှာတော့ ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင်တွေ အပါအ၀င် မြန်မာ့နိုင်ငံရေးမှာ တက်ကြွစွာ ပါဝင်လှုပ်ရှား ခဲ့သူတွေလည်း ပူးပေါင်းမှာဖြစ်ပါတယ်။

ဒီလို နိုင်ငံရေးပါတီ ထူထောင်မယ့် ကိစ္စရပ်တွေနဲ့ ပတ်သက်တဲ့ တွေ့ဆုံဆွေးနွေးပွဲကိုလည်း မတ်လ ၃ဝ နဲ့ ၃၁ ရက်တွေမှာ ရန်ကုန်မြို့ရှိ “မြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များ အသင်းချုပ်” (UMFCCI) ခန်းမမှာလည်း ကျင်းပဖို့ ရှိပါတယ်။

အဲ့ဒီ အခမ်းအနားမှာတော့ ပါတီသစ်အတွက် နိုင်ငံရေးဆိုင်ရာအကြံပြုချက်၊ ဘဏ္ဍာငွေ ရှာဖွေရေးဆိုင်ရာ အကြံပြုချက်၊ ပါတီဖွဲ့စည်းတည်ဆောက်ပုံဆိုင်ရာ အကြံပြုချက်တွေနဲ့အတူ ပါတီစည်းကမ်း ထိန်းသိမ်းရေး ဆိုင်ရာ အကြံပြုချက်တွေနဲ့ ပတ်သက်တဲ့ အကြံပြုစာတမ်းတွေကို တင်သွင်းဖတ်ကြားဖို့ ရှိနေတဲ့အတွက် ပြည်တွင်း ပြည်ပက ပညာရှင်တွေအနေနဲ့ အကြံပြုစာတမ်းတွေ ပေးပို့ကြဖို့ကိုလည်း ဖိတ်ခေါ် ထားပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)