ဆူဆူပူပူတွေဖြစ်မှ အာဏာရအစိုးရ ဒုက္ခရောက်မယ့် အလုပ်မျိုး မလုပ်ဟု ကြံ့ခိုင်ရေးပါတီဆို

0
322

လူထုဆင်းရဲ ကျပ်တည်းပြီးတော့ ဆူဆူပူပူတွေဖြစ်မှ အာဏာရအစိုးရ ဒုက္ခရောက်ပြီး အစိုးရသစ်တစ်ရပ် နေရာရမယ်ဆိုတဲ့ အတွေးမျိုး၊ လုပ်ရပ်မျိုးတွေကို ဘယ်တော့မှ လုပ်မှာမဟုတ်ဘူးလို့ ကြံ့ခိုင်ရေးပါတီက ပြောကြားလိုက်ပါတယ်။

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး USDP ပါတီရဲ့တရားဝင် Facebook လူမှုကွန်ရက်စာမျက်နှာဖော်ပြထားတဲ့ ပါတီဥက္ကဋ္ဌ ဦးသန်းဌေးနဲ့ တွေ့ဆုံမေးမြန်းခန်းမှာ အဲ့ဒီလို ပြောကြား လိုက်တာပါ။

အဲ့ဒီအင်တာဗျူးထဲမှာတော့ ဦးသန်းဌေးက သိက္ခာရှိတဲ့ မှန်ကန်တဲ့ ဝေဖန် ထောက်ပြမှုတွေလုပ်ရင်းနဲ့ အစိုးရကို ထိန်းညှိတဲ့တာဝန်ကို ထမ်းဆောင်သွားမယ်လို့လည်း ပြောကြား ထားပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)