တရားစီရင်ရေး ကျင့်ဝတ်ရေးဆွဲမှု တတိယမူကြမ်း ရောက်ရှိ

0
291

တရားသူကြီးတွေနဲ့ တရားရေးအရာရှိတွေ အတွက် ကိုယ်ကျင့် တရားဆိုင်ရာ ကျင့်ဝတ်အဖြစ် စံနှုန်းများ သတ်မှတ်ဖို့ တရားစီရင်ရေး ဆိုင်ရာ ကျင့်ဝတ်တွေ ရေးဆွဲနေတာဟာ တတိယမူကြမ်းအဆင့်သို့ ရောက်ရှိသွားပြီလို့ ပြည်ထောင်စု တရားသူကြီးချုပ် ဦးထွန်းထွန်းဦး ပြောဆိုလိုက်ပါတယ်။

ဖေဖော်ဝါရီလ ၂၈ ရက်နေ့က နေပြည်တော်ရှိ Horizon Lake View Resort ဟိုတယ်မှာ ပြုလုပ်တဲ့ တရားစီရင်ရေး ကျင့်ဝတ်ရေးဆွဲခြင်းနှင့် အကောင်အထည်ဖော် ဆောင်ရွက်ခြင်းဆိုင်ရာ တတိယအကြိမ်အဆင့် ဆွေးနွေးပွဲမှာ ဒိန်းမတ်နိုင်ငံသံရုံး၊ အပြည်ပြည်ဆိုင်ရာ ဥပဒေပညာရှင်များအဖွဲ့ (International Commission of Jurists-ICJ) ကုသသမဂဖွံ့ဖြိုးမှု အစီစဉ် (United Nations Development Programme – UNDP) တို့နဲ့ တွေ့ဆုံစဉ်မှာ ပြည်ထောင်စု တရားသူကြီးချုပ် ဦးထွန်းထွန်းဦးက အဲဒီလို ပြောဆိုသွားတာပါ။

တရားစီရင်ရေးဆိုင်ရာ ကျင့်ဝတ်တွေ ရေးဆွဲနေတဲ့နေရာမှာ မြန်မာနိုင်ငံမှာ မျှတပြီး ဘက်လိုက်မှု ကင်းရှင်းတဲ့ တရားစီရင်ရေးအဖြစ် ရပ်တည်လာရေး၊ တရားသူကြီးတွေနဲ့ တရားရေးအရှိတွေ ကိုယ်ကျင့်တရားဆိုင်ရာ ကျင့်ဝတ် သတ်မှတ်ဖို့ အဲဒီမူကြမ်းကို ရေးဆွဲနေတာ ဖြစ်ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)