ညောင်လေးပင်တွင် အမျိုးသားတစ်ဦး ဆွဲကြိုးချ သေဆုံး

0
324

ပဲခူးတိုင်း၊ ညောင်လေးပင်မြို့၊ ပုဇွန်မြောင်းကျေးရွာ၊ အုတ်ဖုတ်သည့်ကွင်းအတွင်းရှိ ထိန်ပင်တွင် မတ်လ ၁ ရက်နေ့ နံနက် ၆ နာရီခန့်က အမျိုးသားတစ်ဦး ဆွဲကြိုချ သေဆုံးမှုဖြစ်ပွားခဲ့ပါတယ်။

မုက္ခမူ​ကျေးရွာ အုပ်​ချုပ်​​ရေးမှူး ဦးနန်းလွင်​၏ ဖုန်းဆက်​ သတင်း​ပေးပို့ချက်​အရ မြို့နယ်​ရဲတပ်​ဖွဲ့မှူး ရဲမှူးကိုကိုကြီး၊ မြို့မရဲစခန်းမှူး ဒုတိယရဲမှူး ဇော်​မိုး နဲ့ ရဲတပ်​ဖွဲ့ဝင်​များ သက်​​သေများနဲ့ အတူ အခင်းဖြစ်ပွားရာသို့ သွား​ရောက်​ စစ်​​ဆေးခဲ့ကြပါတယ်။

ပုဇွန်မြောင်းကျေးရွာ၊ ဆွဲဒလွဲပိုင်း၊ အုတ်ဖုတ်တဲ့ ကွင်းအတွင်းမှာရှိတဲ့ ထိန်ပင်​၌ ဆွဲကြိုးချ သတ်သေသွားသူမှာ ညောင်လေးပင်မြို့နေ အသက် ၃၀ အရွယ် ကိုမျိုးမင်းဦး (ခ) မင်းမင်း ဆိုသူဖြစ်ကြောင်း၊ ပြင်ပဒဏ်ရာ မရှိဘဲ လည်ပင်းတွင် ကြိုးပွန်းညိုမဲ ဒဏ်ရာသာ တွေ့ရှိရပါတယ်။

သေဆုံးသူရဲ့ အစ်ကို ဦးစိုးလွင်ဦးကို ရဲတပ်ဖွဲ့က မေးမြန်းရာ သေဆုံးသူ ကိုမျိုးမင်းဦး (ခ) မင်းမင်း၏ ဇနီးဖြစ်သူဟာ ယခင်က တစ်ကြိမ် နောက်ယောက်ျားနဲ့ လိုက်ပြေးဖူးကြောင်း၊ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၂၈ ရက်နေ့ကလည်း ထပ်မံပြီး နောက်ယောက်ျားနဲ့ လိုက်ပြေးသွားတဲ့တွက် အိမ်ထောင်ပြဿနာ ရှိကြောင်း ပြောဆိုခဲ့ပါတယ်။

ကိုမျိုးမင်းဦး (ခ) မင်းမင်း သေဆုံးခြင်းဟာ ဓမ္မတာအတိုင်း သေဆုံးခြင်း ဟုတ်၊ မဟုတ် စစ်ဆေးပေးရန် ဒုရဲအုပ် တေဇာထွန်းမြင့်က တရားလိုပြုလုပ်​ တိုင်​တန်းထားသဖြင့်​ ​ညောင်​​လေးပင်​မြို့မရဲစခန်းက ​သေမှု​သေခင်း အမှတ်​စဉ်​ (၁/၂၀၁၇) ဖြင့်​ အမှုဖွင့်​၍ စစ်​​ဆေး​ ဆောင်​ရွက်​လျက်ရှိပါတယ်။
ကို​ထွေး (​ညောင်​​လေးပင်)

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)