ကုလ လူ့အခွင့်အရေး ကောင်စီမှာ ဒုဝန်ကြီး ဦးကျော်တင် ရခိုင်အရေး ထည့်သွင်းပြောဆို

0
288

ဆွစ်ဇာလန်နိုင်ငံ၊ ဂျီနီဗာမြို့မှာ ၃ ရက်တာ ကျင်းပနေတဲ့ ကုလသမဂ္ဂ လူ့အခွင့် အရေးကောင်စီ (၃၄) ကြိမ်မြောက် ပုံမှန်အစည်းအဝေး High-Level Segment မှာ နိုင်ငံခြားရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးကျော်တင်က ရခိုင်ပြည်နယ်အရေး ဖြေရှင်းရာမှာ မြန်မာနိုင်ငံဟာ နိုင်ငံတကာ အသိုက်အဝန်း ကနေ ကွဲပြားသွားအောင် ဆောင်ရွက်နေတာ မဟုတ်ဘူးလို့ ပြောဆိုလိုက်ပါတယ်။

အဲဒီ High-Level Segment ကို နိုင်ငံပေါင်း ၁၀၇ နိုင်ငံက နိုင်ငံအကြီးအကဲတွေ၊ အစိုးရအကြီးအကဲတွေ၊ ဒုတိယဝန်ကြီးချုပ်တွေ၊ ဝန်ကြီးတွေနဲ့ ဒုတိယဝန်ကြီးတွေ အများအပြား တက်ရောက်ခဲ့ကြပြီး ဖေဖော်ဝါရီလ ၂၇ ရက်နေ့က စတင် ကျင်းပတာပါ။

နိုင်ငံခြားရေး ဒုတိယဝန်ကြီး ဦးကျော်တင်က မြန်မာ အစိုးရသစ်ရဲ့ လူ့အခွင့်အရေး ကာကွယ်မြှင့်တင်ပေးရေး ဆိုင်ရာ ချဉ်းကပ်မှု အသစ်၊ အစိုးရသစ်ရဲ့ ဦးစားပေးလုပ်ငန်းများ၊ မြန်မာနိုင်ငံ၏ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွေကိုလည်း ထည့်သွင်းပြောဆိုသွားပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)