ပြည်တွင်းငြိမ်းချမ်းရေး မရတာဟာ စိတ်ဓာတ် မသန်စွမ်း သူတွေကြောင့် ဖြစ်တယ်လို့ နိုင်ငံတော် အတိုင်ပင်ခံ ပြောကြား

0
286

ပြည်တွင်းငြိမ်းချမ်းရေး မရတာဟာ စိတ်ဓာတ် မသန်စွမ်းမှုကြောင့်သာ ဖြစ်တယ်လို့ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ပြောကြားလိုက်ပါတယ်။

ပုံစာ – ဒေါ်အောင်ဆန်းစုကြည်က ငြိမ်းချမ်းရေးတွဲလက်များ Wheel Chair ရထားအဖွဲ့မှ တာဝန်ရှိသူ တစ်ဦးကို နှုတ်ဆက်စဉ် (ဓာတ်ပုံ – MOI / Facebook)

ဖေဖော်ဝါရီလ ၂၈ ရက်နေ့က နေပြည်တော်ရှိ အမျိုးသား ပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေး ဗဟိုဌာနမှာ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ငြိမ်းချမ်းရေးတွဲလက်များ Wheel Chair ရထားအဖွဲ့နဲ့ တွေ့ဆုံစဉ်မှာ အဲဒီလို ပြောကြားခဲ့တာပါ။

ပြည်တွင်းငြိမ်းချမ်းရေး မရတာဟာ ဥာဏ်ရည်မ သန်စွမ်းမှု၊ ကိုယ်လက်အင်္ဂါ မသန်စွမ်းမှုတွေကြောင့် မဟုတ်ဘဲ စိတ်ဓာတ် မသန်စွမ်းမှုကြောင့်သာ ဖြစ်တယ်လို့လည်း ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်။

တွေ့ဆုံပွဲကို ငြိမ်းချမ်းရေးတွဲလက်များ Wheel Chair အဖွဲ့ခေါင်းဆောင် ဦးသိန်းလွင်၊ ရန်ကုန်မျက်မမြင်ကျောင်း (ခ၀ဲခြံ) ဒုတိယကျောင်းအုပ်ကြီး ဒေါ်မြသီတာလွင်တို့ တက်ရောက်ခဲ့ကြပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)