ရခိုင်ပြည်နယ်အရေး လူ့အခွင့်ရေးကောင်စီရဲ့ ဆောင်ရွက်ချက် ပြဿနာအစိတ်အပိုင်းမဟုတ် ပြဿနာဖြေရှင်းမှုဖြစ်ဖို့လို

0
245

ရခိုင်ပြည်နယ်အရေးအတွက် ကုလသမဂ္ဂ လူ့အခွင့်ရေးကောင်စီရဲ့ ဆောင်ရွက်ချက်ဟာ ပြဿနာအစိတ်အပိုင်း မဟုတ်ဘဲ ပြဿနာဖြေရှင်းမှုသာဖြစ်ရမယ်လို့ မြန်မာအစိုးရက ပြောကြားလိုက်ပါတယ်။

ဆွစ်ဇာလန်နိုင်ငံ၊ ဂျီနီဗာမြို့မှာ ကျင်းပပြုလုပ်နေတဲ့ ကုလသမဂ္ဂ လူ့အခွင့် အရေးကောင်စီ (၃၄) ကြိမ်မြောက် ပုံမှန်အစည်းအဝေး High-Level Segment မှာ မတ်လ ၂၈ ရက်နေ့က နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးကျော်တင်ပြောကြားတဲ့ မိန့်ခွန်းမှာ အဲ့ဒီလို ပြောကြားလိုက်တာပါ။

အဲ့ဒီ မိန့်ခွန်းအတွင်းမှာတော့ လူ့အခွင့်အရေးကောင်စီဟာ လူ့အခွင့်အရေး ကာကွယ်မြှင့် တင်ရေး ဆောင်ရွက်ရာမှာ လူအားလုံးရဲ့ အခွင့်အရေး ကာကွယ်မြှင့်တင်ပေး ရန်ဖြစ်ပြီး နိုင်ငံအားလုံးရဲ့ အကျိုးအတွက် ဖြစ်ရမည် ဖြစ်ပါကြောင်း၊ အဲ့ဒီလိုမဟုတ်ပါက လူ့အခွင့်အရေးကောင်စီရဲ့ လုပ်ငန်းတွေအပေါ်ထားတဲ့ ယုံကြည်မှုကို ထိခိုက်စေမယ်လို့လည်း ဝေဖန်ပြောကြားခဲ့တာပါ။

ဒါအပြင် အဲ့ဒီမိန့်ခွန်းအတွင်းမှာပဲ မြန်မာနိုင်ငံ အစိုးရသစ်ရဲ့ လူ့အခွင့်အရေး ကာကွယ်မြှင့်တင်ပေးရေး ဆိုင်ရာ ချဉ်းကပ်မှု အသစ်၊ အစိုးရသစ်ရဲ့ ဦးစားပေးလုပ်ငန်းတွေ၊ မြန်မာနိုင်ငံရဲ့ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွေ၊ ရခိုင်ပြည်နယ်ကိစ္စရပ်တွေနဲ့ ပတ်သက်ပြီး ဆောင်ရွက်နေမှုတွေကို အကျယ်တ၀င့် ထည့်သွင်းပြောကြားခဲ့တာဖြစ်ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)