ကျပ်သိန်းတစ်သောင်း ရရှိမယ့် ကျပ် ၅၀၀ တန် အောင်ဘာလေ ထီလက်မှတ်တွေ စတင်ဖြန့်ဝေ

0
297

အမြင့်ဆုံး ဆုငွေ ပေါက်မဲ ကျပ်သိန်းတစ်သောင်း အထိ ပေးသွားမယ့် ကျပ် ၅၀၀ တန် အောင်ဘာလေ ထီလက်မှတ်တွေကို ဒီကနေ့ မတ်လ (၁) ရက်နေ့က စတင်ကာ ဖြန့်ဝေလိုက်ပြီဖြစ်ပါတယ်။

ပြည်တွင်းအခွန်များ ဦးစီးဌာန၊ အောင်ဘာလေသိန်းဆုဌာနခွဲကနေ ကိုယ်စားလှယ်စုစုပေါင်း (၂၃၀၀) ကျော်ဆီကို ထီစာအုပ်ပေါင်း ၃ သန်းနီးပါး (ထီလက်မှတ်စောင်ရေပေါင်း သန်း ၃၀) ဖြန့်ဝေပေးပို့ ထားတာပါ။

အဲ့ဒီထီလက်မှတ်တွေကို အရောင်းကိုယ်စားလှယ်တွေနဲ့ အရောင်းဆိုင်တွေအနေနဲ့ တန်ဘိုးအတိုင်းရောင်းချကြဖို့နဲ့ တန်ဘိုးထက်ကျော်လွန် ရောင်းချရင် အရေးယူသွားမယ်လို့လည်း ပြည်တွင်းအခွန်များ ဦးစီးဌာန၊ အောင်ဘာလေသိန်းဆုဌာနခွဲက သတင်းထုတ်ပြန်ထားတာပါ။

အဲ့ဒီလို တန်ဘိုးထက် ပိုမို ရောင်းချတာမျိုးတွေ ရှိရင် ပြည်သူတွေအနေနဲ့ သတင်းပေးတိုင်ကြားကြဖို့ကိုလည်း အစိုးရက နှိုးဆော်ထားတာပါ။ အဲ့ဒီလို တန်ဘိုးပိုမိုရောင်းချတာတွေ ရှိရင် ပြည်တွင်းအခွန်များ ဦးစီးဌာန နေပြည်တော် ၀၆၇- ၄၃၀၀၀၅၊ ရန်ကုန် ၀၁- ၂၄၉၂၇၃ နဲ့ မန္တလေး ၀၂-၃၅၉၁၃ တွေကို ဆက်သွယ် တိုင်ကြားနိုင်ကြမှာပါ။

လက်ရှိအခြအနေမှာတော့ ၂၀၀၉ တွင် စတင်ရောင်း ချခဲ့တဲ့ အမြင့်ဆုံးဆုငွေကို ကျပ် သိန်း ၁၅၀၀ အထိ ရရှိနိုင်မယ့် ကျပ်ငွေ ၂၀၀ တန်ထီလက် မှတ်တွေကိုလည်း ဆက်လက် ရောင်းချပေးနေုအုန်းမှာ ဖြစ်ပါတယ်။

အမြင့်ဆုံး ဆုငွေ ပေါက်မဲ ကျပ်သိန်းတစ်သောင်း အထိ ပေးသွားမယ့် ကျပ် ၅၀၀ တန် အောင်ဘာလေ ထီလက်မှတ်တွေရဲ့ ပေါက်မဲတွေကိုတော့ လာမယ့် ဧပြီလ ၁ ရက်နေ့မှာ စတင် ဖွင့်လှစ်ချီးမြှင့်ပေးသွားဖို့ရှိနေတာပါ။

အစိုးရအနေနဲ့ ထီ လက်မှတ်ရောင်းရငွေရဲ့ ၄၀ ရာ ခိုင်နှုန်းကို နိုင်ငံတော် အခွန်ငွေအဖြစ် သတ်မှတ်ရယူပြီး ၆၀ ရာခိုင်နှုန်းကို ဆုငွေအဖြစ် ပြန်လည်ထုတ် ပေးနေတာပါ။

မြန်မာနိုင်ငံမှာ အောင်ဘာလေထီကို ၁၉၃၈ မှာ စတင်ဖွင့်လှစ်ရောင်းချပေးခဲ့ပြီး အဲ့ဒီတုန်းက ထီလက်မှတ်တစ်စောင်ကို နှစ်ကျပ်နှုံးနဲ့ အမြင့်ဆုံးဆုငွေ ကျပ် တစ်သိန်း သတ်မှတ်ပြီး စတင်ရောင်းချခဲ့တာဖြစ်ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)