ဆရာဝန်တွေနဲ့ ကျန်းမာရေးဝန်ထမ်းတွေ ပြည်သူကို စိတ်ချမ်းသာအောင် ပြောဆိုဆက်ဆံကြဖို့ ကျန်းမာရေးဝန်ကြီးက သတိပေး

0
272

ဆရာဝန်တွေနဲ့ ကျန်းမာရေးဝန်ထမ်းတွေ ပြည်သူလူထုကို စိတ်ချမ်းသာအောင်နဲ့ ကျန်းမာရေး ၀န်ထုတ်ဝန်ပိုး မဖြစ်စေအောင် ပြောဆိုဆက်ဆံကြဖို့ ကျန်းမာရေးဝန်ကြီးက သတိပေးလိုက်ပါတယ်။

ဖေဖော်ဝါရီလ (၂၈) ရက်နေ့က နေပြည်တော်မှာ ကျင်းပတဲ့ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ ကုသရေးဦးစီးဌာန၊ မီဒီယာဆက်ဆံရေး အလုပ်ရုံ ဆွေးနွေးပွဲမှာ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၌ ကျင်းပရာ ပြည်ထောင်စု ဝန်ကြီးဒေါက်တာ မြင့်ထွေးက အဲ့ဒီလို ပြောကြားလိုက်တာပါ။

ဒါ့အပြင် အခြေခံဆရာဝန် ကျင့်ဝတ်၊ သူနာပြုကျင့်ဝတ်၊ စံကိုက် ကုထုံးပုံစံတွေ၊ ၀န်ထမ်းကျင့်ဝတ်တွေ၊ စနစ်ကျတဲ့ စီမံခန့်ခွဲမှုတွေအပြင် ၀န်ထမ်းကျင့်ဝတ်တွေ အားလုံးနဲ့ ပြည့်စုံစွာ နေထိုင်နိုင်ရင် အပြစ်ကင်းတဲ့ ပြည်သူကို မျက်နှာမူတဲ့ ပြည်သူ့ဝန်ထမ်းကောင်းတွေ ဖြစ်လာမယ်လို့ လည်း ပြောကြားခဲ့တာဖြစ်ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)