အခြန္စနစ္ေၾကာင့္ ပုံနွိပ္နွင့္ထုတ္ေဝေရးဝန္ေဆာင္မႈ လုပ္ငန္းရွင္ေတြ အခက္ေတြ႔ေန

0
1824

အခြန္စနစ္ေၾကာင့္ ပုံနွိပ္နွင့္ထုတ္ေဝေရးဝန္ေဆာင္မႈ လုပ္ငန္းရွင္ေတြအေနနဲ႔ အခက္ေတြ႔ေနတယ္လို႔ ျမန္မာႏုိင္ငံ ပုံႏွိပ္ႏွင့္ထုတ္ေဝသူလုပ္ငန္းရွင္မ်ားအသင္း အတြင္းေရးမွဴး ဦးသူရိန္ေက်ာ္က ေျပာၾကားလိုက္ပါ တယ္။

ပုဂၢလိက က႑ဖြံ႕ၿဖိဳးတိုးတက္ေရးေကာ္မတီရဲ႕ ဥကၠဌအျဖစ္ တာ၀န္ယူထားတဲ့ ဒုတိယသမၼတ ဦးျမင့္ေဆြနဲ႔  ျမန္မာ့စီးပြားေရးလုပ္ငန္းရွင္ေတြ ေဖေဖာ္၀ါရီလ ၁ ရက္ေန႔က ရန္ကုန္ၿမိဳ႕ရွိ ျမန္မာႏိုင္ငံ ကုန္သည္ စက္မႈအသင္းခ်ဳပ္ (UMFCCI) မွာ ၁၄ ႀကိမ္ေျမာက္ေတြ႔ဆံုစဥ္ ဦးသူရိန္ေက်ာ္က ေျပာၾကားလိုက္တာပါ။

ဒီလိုေျပာၾကားရာမွာေတာ့ ပုံႏွိပ္လုပ္ငန္းကေန ရရွိတဲ့ဝင္ေငြြဟာ ပုံႏွိပ္ျခင္းဝန္ေဆာင္မႈက ရရွိတဲ့ ဝင္ေငြအနည္းငယ္သာရရွိတဲ့ အေျခအေနမ်ိဳးလို႔ ဆိုတာပါ။

ဒါေပမယ့္လည္း  ေပးေဆာင္ရတဲ့ Witholding Tax 2 % နဲ႔ Commercial Tax 5% ကို လုပ္ငန္းပမာဏ တစ္ခုလုံးအတြက္ ေပးေဆာင္ရတဲ့အတြက္ လုပ္ငန္းအပ္ႏွံသူေတြရဲ႕ ေစ်းႏႈန္း ႀကီးျမင့္မႈအေပၚ ကန္႔ကြက္တာ၊ လုပ္ငန္း မအပ္ႏွံေတာ့တာေတြကို ႀကဳံေတြ႕ေနရတယ္လို႔လည္း ေျပာၾကားခဲ့တာျဖစ္ပါတယ္။

>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

အခွန်စနစ်ကြောင့် ပုံနှိပ်နှင့်ထုတ်ဝေရေးဝန်ဆောင်မှု လုပ်ငန်းရှင်တွေ အခက်တွေ့နေ

အခွန်စနစ်ကြောင့် ပုံနှိပ်နှင့်ထုတ်ဝေရေးဝန်ဆောင်မှု လုပ်ငန်းရှင်တွေအနေနဲ့ အခက်တွေ့နေတယ်လို့ မြန်မာနိုင်ငံ ပုံနှိပ်နှင့်ထုတ်ဝေသူလုပ်ငန်းရှင်များအသင်း အတွင်းရေးမှူး ဦးသူရိန်ကျော်က ပြောကြားလိုက်ပါ တယ်။
ပုဂ္ဂလိက ကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးကော်မတီရဲ့ ဥက္ကဌအဖြစ် တာဝန်ယူထားတဲ့ ဒုတိယသမ္မတ ဦးမြင့်ဆွေနဲ့ မြန်မာ့စီးပွားရေးလုပ်ငန်းရှင်တွေ ဖေဖော်ဝါရီလ ၁ ရက်နေ့က ရန်ကုန်မြို့ရှိ မြန်မာနိုင်ငံ ကုန်သည် စက်မှုအသင်းချုပ် (UMFCCI) မှာ ၁၄ ကြိမ်မြောက်တွေ့ဆုံစဉ် ဦးသူရိန်ကျော်က ပြောကြားလိုက်တာပါ။
ဒီလိုပြောကြားရာမှာတော့ ပုံနှိပ်လုပ်ငန်းကနေ ရရှိတဲ့ဝင်ငွေဟာ ပုံနှိပ်ခြင်းဝန်ဆောင်မှုက ရရှိတဲ့ ဝင်ငွေအနည်းငယ်သာရရှိတဲ့ အခြေအနေမျိုးလို့ ဆိုတာပါ။
ဒါပေမယ့်လည်း ပေးဆောင်ရတဲ့ Witholding Tax 2 % နဲ့ Commercial Tax 5% ကို လုပ်ငန်းပမာဏ တစ်ခုလုံးအတွက် ပေးဆောင်ရတဲ့အတွက် လုပ်ငန်းအပ်နှံသူတွေရဲ့ ဈေးနှုန်း ကြီးမြင့်မှုအပေါ် ကန့်ကွက်တာ၊ လုပ်ငန်း မအပ်နှံတော့တာတွေကို ကြုံတွေ့နေရတယ်လို့လည်း ပြောကြားခဲ့တာဖြစ်ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)