ေက်ာက္တန္းမွာ ၁ ေသာင္းတန္ ေငြစကၠဴအတု သိန္း ၃၀ ေက်ာ္ဖိုး ဖမ္းဆီးရမိ

0
1907

ေက်ာက္တန္းမွာ ၁ ေသာင္းတန္ ေငြစကၠဴအတု သိန္း ၃၀ ေက်ာ္ဖိုး ဖမ္းဆီးရမိတယ္လို႔ ျပည္ထဲေရး၀န္ႀကီးဌာနက သတင္းထုတ္ျပန္လိုက္ပါတယ္။

ဇန္န၀ါရီလ ၃၁ ရက္ေန႔က ေက်ာက္တန္းၿမိဳ႕ရွိ ျမန္မာ့လယ္ယာဖြံ႔ၿဖိဳးေရးဘဏ္မွာ စိစစ္ေတြ႔ရွိခဲ့တာပါ။ ေက်ာက္တန္းၿမိဳ႕နယ္ အစဲေက်းရြာေန သန္းလိႈင္ (၄၂) ႏွစ္ စိုက္ပ်ိဳးစရိတ္ေခ်းေငြေတြကို တစ္ေသာင္းတန္း ေငြစကၠဴအတု ၃၁၅ ရြက္နဲ႔ လာေရာက္အပ္ႏွံခဲ့ တာျဖစ္ပါတယ္။

သူ႔ကို စစ္ေဆးေမးျမန္းမႈေတြအရ ေယာကၡမျဖစ္သူ ဦးဘိုစန္း (၇၃) ႏွစ္ရဲ႕ ေစခိုင္းမႈအရ လာေရာက္အပ္ႏွံခဲ့တာလို႔ဆိုတာပါ။ ဒါေၾကာင့္ သူတို႔ႏွစ္ဦးကို ဥပေဒနဲ႔အညီ စစ္ေဆးမႈေတြကို ျပဳလုပ္ေန တယ္လို႔လည္း သတင္းထုတ္ျပန္ခ်က္ကဆိုပါတယ္။

ေငြစကၠဴအတုေတြကို စစ္ေဆးေတြ႔ရွိခ်က္ေတြအရ ႏိုင္ငံျခားစကၠဴ အမ်ိဳးအစားျဖစ္ၿပီး စကၠဴသားေခ်ာတာ၊ အစစ္ထက္ အလ်ားနဲ႔ အနံ ၁ မီလီမီတာ တိုေနတာ၊ အေရာင္ေတာက္ပမႈ မရွိတာ၊ ႐ုပ္ပုံ/တန္ဖိုး ေရစာ ပုံရိပ္သာ ပါရွိတာ၊ လုံၿခံဳေရးႀကိဳးမွာ အေရာင္ေျပာင္းလဲမႈ မရွိတာ၊ ကာလာပရင္တာနည္းနဲ႔ တုပထားတာေတြအျပင္ တျခားလွ်ိဳ႕ဝွက္ခ်က္ေတြ မပါရွိပဲ ထိုင္းႏိုင္ငံနယ္စပ္မွ တုပဝင္ေရာက္လာတာျဖစ္ႏိုင္တယ္လို႔လည္း သတင္းထုတ္ျပန္ခ်က္က ဆိုပါတယ္။

>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

ကျောက်တန်းမှာ ၁ သောင်းတန် ငွေစက္ကူအတု သိန်း ၃၀ ကျော်ဖိုး ဖမ်းဆီးရမိ

ကျောက်တန်းမှာ ၁ သောင်းတန် ငွေစက္ကူအတု သိန်း ၃၀ ကျော်ဖိုး ဖမ်းဆီးရမိတယ်လို့ ပြည်ထဲရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်လိုက်ပါတယ်။
ဇန်နဝါရီလ ၃၁ ရက်နေ့က ကျောက်တန်းမြို့ရှိ မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်မှာ စိစစ်တွေ့ရှိခဲ့တာပါ။ ကျောက်တန်းမြို့နယ် အစဲကျေးရွာနေ သန်းလှိုင် (၄၂) နှစ် စိုက်ပျိုးစရိတ်ချေးငွေတွေကို တစ်သောင်းတန်း ငွေစက္ကူအတု ၃၁၅ ရွက်နဲ့ လာရောက်အပ်နှံခဲ့ တာဖြစ်ပါတယ်။
သူ့ကို စစ်ဆေးမေးမြန်းမှုတွေအရ ယောက္ခမဖြစ်သူ ဦးဘိုစန်း (၇၃) နှစ်ရဲ့ စေခိုင်းမှုအရ လာရောက်အပ်နှံခဲ့တာလို့ဆိုတာပါ။ ဒါကြောင့် သူတို့နှစ်ဦးကို ဥပဒေနဲ့အညီ စစ်ဆေးမှုတွေကို ပြုလုပ်နေ တယ်လို့လည်း သတင်းထုတ်ပြန်ချက်ကဆိုပါတယ်။
ငွေစက္ကူအတုတွေကို စစ်ဆေးတွေ့ရှိချက်တွေအရ နိုင်ငံခြားစက္ကူ အမျိုးအစားဖြစ်ပြီး စက္ကူသားချောတာ၊ အစစ်ထက် အလျားနဲ့ အနံ ၁ မီလီမီတာ တိုနေတာ၊ အရောင်တောက်ပမှု မရှိတာ၊ ရုပ်ပုံ/တန်ဖိုး ရေစာ ပုံရိပ်သာ ပါရှိတာ၊ လုံခြုံရေးကြိုးမှာ အရောင်ပြောင်းလဲမှု မရှိတာ၊ ကာလာပရင်တာနည်းနဲ့ တုပထားတာတွေအပြင် တခြားလျှို့ဝှက်ချက်တွေ မပါရှိပဲ ထိုင်းနိုင်ငံနယ်စပ်မှ တုပဝင်ရောက်လာတာဖြစ်နိုင်တယ်လို့လည်း သတင်းထုတ်ပြန်ချက်က ဆိုပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)