အနည္းဆုံးအခေၾကးေငြ ၄၈၀၀ က်ပ္ သတ္မွတ္ပါက မေပးႏိုင္တဲ့ လုပ္ငန္းရွင္ေတြ ပိုမ်ားလာမယ္

0
2195

အနည္းဆုံးအခေၾကးေငြ ၄၈၀၀ က်ပ္ သတ္မွတ္ပါက မေပးႏိုင္တဲ့ လုပ္ငန္းရွင္ေတြ ပိုမ်ားလာမယ္လို႔  ျမန္မာ့အမ်ိဳးသမီးစြမ္းေဆာင္ရွင္မ်ားအသင္း ဥကၠ႒ ေဒၚလွဝတီတင္က ေျပာၾကားလိုက္ပါတယ္။

ပုဂၢလိက က႑ ဖြံ႕ၿဖိဳးတိုးတက္ေရးေကာ္မတီရဲ႕ ဥကၠဌအျဖစ္ တာ၀န္ယူထားတဲ့ ဒုတိယသမၼတ ဦးျမင့္ေဆြနဲ႔  ျမန္မာ့စီးပြားေရး လုပ္ငန္းရွင္ေတြ ေဖေဖာ္၀ါရီလ ၁ ရက္ေန႔က ရန္ကုန္ၿမိဳ႕ရွိ ျမန္မာႏိုင္ငံကုန္သည္စက္မႈအသင္းခ်ဳပ္ (UMFCCI) မွာ ၁၄ ႀကိမ္ေျမာက္ေတြ႔ဆံုစဥ္ ေဒၚလွဝတီတင္က ေျပာၾကားလိုက္တာပါ။

ဒီလိုေျပာၾကားရာမွာေတာ့ လက္ရွိ အနည္းဆုံးအခေၾကးေငြ ၄၈၀၀ က်ပ္ကိုပင္ မေပးႏိုင္တဲ့ လုပ္ငန္းရွင္ေတြ ရွိတယ္လို႔လည္း ေျပာၾကားလိုက္တာပါ။

ဒါေၾကာင့္ မေပးႏိုင္တဲ့ လုပ္ငန္းရွင္ေတြမ်ားရင္ လုပ္လက္မဲ့ေတြ ပိုမိုမ်ားလာၿပီး လူငယ္ေတြ ႏုိင္ငံျခားကို ထြက္ကုန္တဲ့အျပင္ ခုိးဆိုးလုယက္မႈေတြမ်ားလာတဲ့ အျပင္ တိုင္းျပည္အတြက္ တိုးတက္မႈကို အလြန္ ေႏွာင့္ေႏွးေစႏုိင္တယ္လို႔လည္း ေျပာၾကားခဲ့တာပါ။

ဒါေၾကာင့္ ဥပေဒကို အရင္ဆုံးျပင္ဆင္ေပးဖို႔နဲ႔ ေနာက္မွ အနည္းဆုံးလစာကို သတ္မွတ္ေပးဖို႔ကိုလည္း ေတာင္းဆိုခဲ့တာျဖစ္ပါတယ္။

>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

အနည်းဆုံးအခကြေးငွေ ၄၈၀ဝ ကျပ် သတ်မှတ်ပါက မပေးနိုင်တဲ့ လုပ်ငန်းရှင်တွေ ပိုများလာမယ်

အနည်းဆုံးအခကြေးငွေ ၄၈၀ဝ ကျပ် သတ်မှတ်ပါက မပေးနိုင်တဲ့ လုပ်ငန်းရှင်တွေ ပိုများလာမယ်လို့ မြန်မာ့အမျိုးသမီးစွမ်းဆောင်ရှင်များအသင်း ဥက္ကဋ္ဌ ဒေါ်လှဝတီတင်က ပြောကြားလိုက်ပါတယ်။

ပုဂ္ဂလိက ကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးကော်မတီရဲ့ ဥက္ကဌအဖြစ် တာဝန်ယူထားတဲ့ ဒုတိယသမ္မတ ဦးမြင့်ဆွေနဲ့ မြန်မာ့စီးပွားရေး လုပ်ငန်းရှင်တွေ ဖေဖော်ဝါရီလ ၁ ရက်နေ့က ရန်ကုန်မြို့ရှိ မြန်မာနိုင်ငံကုန်သည်စက်မှုအသင်းချုပ် (UMFCCI) မှာ ၁၄ ကြိမ်မြောက်တွေ့ဆုံစဉ် ဒေါ်လှဝတီတင်က ပြောကြားလိုက်တာပါ။

ဒီလိုပြောကြားရာမှာတော့ လက်ရှိ အနည်းဆုံးအခကြေးငွေ ၄၈၀ဝ ကျပ်ကိုပင် မပေးနိုင်တဲ့ လုပ်ငန်းရှင်တွေ ရှိတယ်လို့လည်း ပြောကြားလိုက်တာပါ။

ဒါကြောင့် မပေးနိုင်တဲ့ လုပ်ငန်းရှင်တွေများရင် လုပ်လက်မဲ့တွေ ပိုမိုများလာပြီး လူငယ်တွေ နိုင်ငံခြားကို ထွက်ကုန်တဲ့အပြင် ခိုးဆိုးလုယက်မှုတွေများလာတဲ့ အပြင် တိုင်းပြည်အတွက် တိုးတက်မှုကို အလွန် နှောင့်နှေးစေနိုင်တယ်လို့လည်း ပြောကြားခဲ့တာပါ။

ဒါကြောင့် ဥပဒေကို အရင်ဆုံးပြင်ဆင်ပေးဖို့နဲ့ နောက်မှ အနည်းဆုံးလစာကို သတ်မှတ်ပေးဖို့ကိုလည်း တောင်းဆိုခဲ့တာဖြစ်ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)