
0
1788





===========================

ကျောင်းထုတ်ခံ ဆန္ဒပြကျောင်းသားတွေ အသနားခံတင်ပြရင် စာမေးပွဲဖြေခွင့် ပေးမယ်လို့ဆို

ကျောင်းထုတ်ခံ ဆန္ဒပြကျောင်းသားတွေကို ဝန်ခံကတိနဲ့အတူ မိဘ ထောက်ခံချက်နဲ့ အသနားခံ တင်ပြရင် စာမေးပွဲဖြေခွင့် ပေးမယ်လို့ ပညာရေးဝန်ကြီးဌာနက ပြောကြားလိုက်ပါတယ်။

ပညာရေးဝန်ကြီးဌာန စီမံခန့်ခွဲရေးကော်မတီ အစည်းအဝေး ဆုံးဖြတ်ချက်နဲ့ ကြေညာချက် ထုတ်ပြန်ပြောကြားလိုက်တာပါ။

အဲ့ဒီကြေညာချက်ထဲမှာတော့ ဒုတိယအကြိမ် ထပ်မံကျူးလွန်ပါက ပညာသင်နှစ် ၁ နှစ် ရပ်နားမယ်လို့လည်း ဖော်ပြထားပါတယ်။

တတိယအကြိမ် ထပ်မံလုပ်ဆောင်မယ်ဆိုရင်တော့ နေ့သင်တန်းတက်ရောက်ခွင့် မပြုတော့ဘဲ အဝေးသင်သင်တန်းကိုသာ တက်ရောက်ခွင့်ပြုမယ်လို့လည်း ဖော်ပြထားပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)