တ႐ုတ္အေနနဲ႔ တာ၀န္ယူ၊ တာ၀န္ခံမႈရွိတဲ့ ပစၥည္းေတြပဲ ေရာင္းခ်ဖို႔ UMFCCI တိုက္တြန္း

0
1763

တ႐ုတ္ႏိုင္ငံအေနနဲ႔ ျမန္မာႏိုင္ငံကို တာ၀န္ယူ၊ တာ၀န္ခံမႈရွိတဲ့ ပစၥည္းေတြပဲ ေရာင္းခ်ဖို႔ ျမန္မာႏိုင္ငံကုန္သည္စက္မႈအသင္းခ်ဳပ္ (UMFCCI) က တိုက္တြန္းေျပာၾကားလိုက္ပါတယ္။

ဇန္န၀ါရီလ ၃၀ ရက္ေန႔က တရုတ္ျပည္သူ႕သမၼတႏိုင္ငံ၊ China Kunming South Asia & Southeast Asia International Logistic Research Institute က ဥကၠဌနဲ႔ စီးပြားေရးကုိယ္စားလွယ္ေတြကို (UMFCCI) ဒုတိယဥကၠ႒ ေဒါက္တာေမာင္ေမာင္ေလးက ေျပာၾကားလိုက္တာပါ။

ဒီလိုေျပာၾကားရာမွာေတာ့ တရုတ္စီးပြားေရး လုပ္ငန္းရွင္အခ်ိဳ႕ဟာ ျမန္မာလုပ္ငန္းရွင္အခ်ိဳ႕နဲ႔ ပူူးေပါင္းၿပီး အရည္အေသြးနိမ့္က်တဲ့ ကုန္၊ ေဆး၊ စက္ကိရိယာ ေတြကို တရားမဝင္နည္းလမ္းေတြ အသံုးျပဳ တင္သြင္းခဲ့တာေတြဟာ တရုတ္ႏုိင္ငံရဲ႕ ျမန္မာႏိုင္ငံအေပၚ ေစ်းကြက္အားသာမႈကို ညွဳိးငယ္ေစတယ္လို႔လည္း ထည့္သြင္းေျပာၾကား လုိက္တာျဖစ္ပါတယ္။

>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

တရုတ်အနေနဲ့ တာဝန်ယူ၊ တာဝန်ခံမှုရှိတဲ့ ပစ္စည်းတွေပဲ ရောင်းချဖို့ UMFCCI တိုက်တွန်း

တရုတ်နိုင်ငံအနေနဲ့ မြန်မာနိုင်ငံကို တာဝန်ယူ၊ တာဝန်ခံမှုရှိတဲ့ ပစ္စည်းတွေပဲ ရောင်းချဖို့ မြန်မာနိုင်ငံကုန်သည်စက်မှုအသင်းချုပ် (UMFCCI) က တိုက်တွန်းပြောကြားလိုက်ပါတယ်။

ဇန်နဝါရီလ ၃၀ ရက်နေ့က တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ China Kunming South Asia & Southeast Asia International Logistic Research Institute က ဥက္ကဌနဲ့ စီးပွားရေးကိုယ်စားလှယ်တွေကို (UMFCCI) ဒုတိယဥက္ကဋ္ဌ ဒေါက်တာမောင်မောင်လေးက ပြောကြားလိုက်တာပါ။

ဒီလိုပြောကြားရာမှာတော့ တရုတ်စီးပွားရေး လုပ်ငန်းရှင်အချို့ဟာ မြန်မာလုပ်ငန်းရှင်အချို့နဲ့ ပူးပေါင်းပြီး အရည်အသွေးနိမ့်ကျတဲ့ ကုန်၊ ဆေး၊ စက်ကိရိယာ တွေကို တရားမဝင်နည်းလမ်းတွေ အသုံးပြု တင်သွင်းခဲ့တာတွေဟာ တရုတ်နိုင်ငံရဲ့ မြန်မာနိုင်ငံအပေါ် ဈေးကွက်အားသာမှုကို ညှိုးငယ်စေတယ်လို့လည်း ထည့်သွင်းပြောကြား လိုက်တာဖြစ်ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)