ဦးဘိုဘိုမင်းသိုက်ရဲ့ ရုပ်အလောင်းကို ဒီကနေ့ မွန်းလွဲ ၃ နာရီ စစ်တွေသုဿန်မှာ သဂြိင်္ုလ်မယ်

0
1692

ရခိုင်ပြည်နယ် ပုဏ္ဏားကျွန်းမြို့နယ် ရန်ကုန်-စစ်တွေ အဝေးပြေးလမ်းအတွင်းမှာ လုပ်ကြံသတ်ဖြတ် ခံလိုက်ရတဲ့ မြောက်ဦးမြို့နယ် အုပ်ချုပ်ရေးမှူး ဦးဘိုဘိုမင်းသိုက် ရဲ့ ရုပ်အလောင်းကို ဒီကနေ့ ဖေဖော်ဝါရီလ ၁ ရက်နေ့ မွန်းလွဲ ၃ နာရီအချိန် စစ်တွေသုဿန်မှာ သဂြိင်္ုလ်မှာဖြစ်ပါတယ်။


အဲဒီကားထဲမှာ ဦးဘိုဘိုမင်းသိုက် အပါအ၀င် လူလေးဦး လိုက်ပါလာခဲ့ခြင်းဖြစ်ပြီး ကျန်သုံးဦးတို့က သတ်ဖြတ်သွားခြင်းဖြစ်တယ်လို့ ရခိုင်ပြည်နယ်အတွင်းရေးမှူး ဦးတင်မောင်ဆွေက ပြောပါတယ်။


>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

ဦးဘိုဘိုမင်းသိုက်ရဲ့ ရုပ်အလောင်းကို ဒီကနေ့ မွန်းလွဲ ၃ နာရီ စစ်တွေသုဿန်မှာ သင်္ဂြိုလ်မယ်

ရခိုင်ပြည်နယ် ပုဏ္ဏားကျွန်းမြို့နယ် ရန်ကုန်-စစ်တွေ အဝေးပြေးလမ်းအတွင်းမှာ လုပ်ကြံသတ်ဖြတ် ခံလိုက်ရတဲ့ မြောက်ဦးမြို့နယ် အုပ်ချုပ်ရေးမှူး ဦးဘိုဘိုမင်းသိုက် ရဲ့ ရုပ်အလောင်းကို ဒီကနေ့ ဖေဖော်ဝါရီလ ၁ ရက်နေ့ မွန်းလွဲ ၃ နာရီအချိန် စစ်တွေသုဿန်မှာ သင်္ဂြိုလ်မှာဖြစ်ပါတယ်။

ဦးဘိုဘိုမင်းသိုက်ဟာ မြောက်ဦးအဓိကရုဏ်းနဲ့ပတ်သက်ပြီးတော့ မြောက်ဦးမြို့နယ်အုပ်ချုပ်ရေးမှူး တာဝန်ကနေ ပြည်နယ်ထွေအုပ် သို့ ပြောင်းရွှေ့ခံထားရသူပါ။ သူဟာ အဲဒီကိစ္စနဲ့ ပတ်သက်ပြီးတော့ စစ်ဆေးမှု ခံယူပြီး မြောက်ဦးကနေ စစ်တွေကို ကားနဲ့ ပြန်လာရာ လမ်းမှာ လုပ်ကြံသတ်ဖြတ်ခံခဲ့ရတာဖြစ်ပါတယ်။

အဲဒီကားထဲမှာ ဦးဘိိုဘိုမင်းသိုက် အပါအဝင် လူလေးဦး လိုက်ပါလာခဲ့ခြင်းဖြစ်ပြီး ကျန်သုံးဦးတို့က သတ်ဖြတ်သွားခြင်းဖြစ်တယ်လို့ ရခိုင်ပြည်နယ်အတွင်းရေးမှူး ဦးတင်မောင်ဆွေက ပြောပါတယ်။

အဲဒီအမှုနဲ့ ဆက်စပ်သူတွေလို့ ယူဆရတဲ့ သံသယရှိသူ တိန်ညိုကျေးရွာ အုပ်ချုပ်ရေးမှူးဟောင်း ဦးကျော်မြင့်၊ ဇနီးဖြစ်သူ ဒေါ်ကြည်ကြည်ဝင်း နဲ့ နောက် အမျိုးသမီးတစ်ဦးအပါအဝင် သားဖြစ်သူ မောင်သန်းဌေးတို့ကို ဇန်နဝါရီလ ၃၁ ရက်နေ့က ဖမ်းဆီးလိုက်ပြီဖြစ်ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)