
0
2014

ဒေါ်အောင်ဆန်းစုကြည်ရဲ့ ခြံဝင်းထဲ မီးလောင်ပုလင်းပစ်ပေါက်ခံရပြီး ၆ နာရီအကြာမှာ ရန်ကုန်တိုင်းဒေသကြီး ၀န်ကြီးချုပ် ဦးဖြိုးမင်းသိန်းက အရေးပေါ် တရားဥပဒေစိုးမိုးရေး အစည်းအဝေးပြုလုပ်ခဲ့ပါတယ်။



အဲဒီလူကို အရေးယူနိုင်ဖို့ မှတ်တမ်း ဓာတ်ပုံနဲ့ ဗွီဒီယိုဖိုင်တွေကို ပြည်ထဲရေးဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။

>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

၀န်ကြီးချုပ် ဦးဖြိုးမင်းသိန်း အရေးပေါ် တရားဥပဒေစိုးမိုးရေး အစည်းအဝေးပြုလုပ်

ဒေါ်အောင်ဆန်းစုကြည်ရဲ့ ခြံဝင်းထဲ မီးလောင်ပုလင်းပစ်ပေါက်ခံရပြီး ၆ နာရီအကြာတွင်မှာ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက အရေးပေါ် တရားဥပဒေစိုးမိုးရေး အစည်းအဝေးပြုလုပ် ခဲ့ပါတယ်။

အဲဒီအစည်းအဝေးကို တိုင်းအစိုးရအဖွဲ့ အတွင်းရေးမှူး၊ အမှတ်(၂) လုံခြုံရေးကွပ်ကဲရေးမှူး၊ ရန်ကုန်တိုင်း ရဲတပ်ဖွဲ့မှူးတို့ပါ တက်ရောက်ခဲ့ကြတာပါ။
နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ရဲ့ နေအိမ်ခြံဝင်းထဲကို ဒီကနေ့ နံနက် ၆ နာရီခွဲလောက်က မီးစာတပ်ထားတဲ့ ဓာတ်ဆီပုလင်းကို မီးရှို့ပြီးခြံဝင်းထဲကို အမည်မသိသူတစ်ဦးက ပစ်ပေါက်ခဲ့တာဖြစ်ပါတယ်။ အဲ့ဒီလူကို အရေးယူနိ်ုင်ဖို့ မှတ်တမ်း ဓာတ်ပုံနဲ့ ဗွီဒီယိုဖိုင်တွေကို ပြည်ထဲရေးဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)