ေဒၚေအာင္ဆန္းစုၾကည္ရဲ႕ ေနအိမ္ထဲ မီးစာပါ ဓာတ္ဆီပုလင္း  ပစ္ေပါက္ခဲ့သူရဲ႕ မွတ္တမ္း ထုတ္ျပန္

0
2511

နိုင္ငံေတာ္ အတိုင္ပင္ခံ ပုဂၢိဳလ္ ေဒၚေအာင္ဆန္းစုၾကည္ရဲ႕ ေနအိမ္ျခံ၀င္းထဲကို မီးစာတပ္ထားတဲ့ ဓာတ္ဆီပုလင္းကို မီးရႈိ႕ၿပီး ၿခံ၀င္းထဲကို ပစ္ေပါက္ခဲ့သူကို အေရးယူႏိုင္ဖို႔ မွတ္တမ္း ဓာတ္ပံုနဲ႔ ဗြီဒီယိုဖိုင္ေတြကို အတုိင္ပင္ခံ႐ံုးက ထုတ္ျပန္လိုက္ပါတယ္။

ႏိုင္ငံေတာ္အတိုင္ပင္ခံ႐ံုး ညႊန္ၾကားေရးမွဴးခ်ဳပ္ ဦးေဇာ္ေဌးက သူ႔ရဲ႕ Facebook လူမႈကြန္ရက္ကတဆင့္ မွတ္တမ္း ဓာတ္ပံုနဲ႔ ဗြီဒီယိုဖိုင္ေတြကို အေရးယူႏိုင္ဖို႔ ထုတ္ျပန္လိုက္တာပါ။

အဲ့ဒီ ထုတ္ျပန္ခ်က္ထဲမွာေတာ့ ျပစ္မႈက်ဴးလြန္သူရဲ႕ ပုံသ႑န္ဟာ အသက္ ၄၀ ႏွစ္ခန္႕၊ ဆံပင္နက္တုိ၊ အရပ္  ၅ ေပ ၅ လက္မခန္႔၊ အသားညိဳ၊ ခႏၶာကုိယ္ဝ၊ ျမန္မာလုိဝတ္ဆင္ထားတဲ့ အမ်ိဳးသားတစ္ဦးျဖစ္ၿပီး ဝတ္ဆင္ထားတဲ့ အဝတ္က တီရႈပ္ပန္းေရာင္၊ ပေလကပ္လုံခ်ည္အျပာကြက္က်ဲ ျဖစ္တယ္လို႔ ေဖာ္ျပထားပါတယ္။

ဒါအျပင္ ပစ္မႈက်ဴးလြန္သူကို  အျမန္ဆုံးဖမ္းဆီးရမိေရးအတြက္ ကူညီစုံစမ္း သတင္းေပးၾကဖို႔ကိုလည္း ႏိႈးေဆာ္ ထားပါတယ္။

======================

ဒေါ်အောင်ဆန်းစုကြည်ရဲ့ နေအိမ်ထဲ မီးစာတပ် ဓာတ်ဆီပုလင်း  ပစ်ပေါက်ခဲ့သူရဲ့ မှတ်တမ်း ထုတ်ပြန်

နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ရဲ့ နေအိမ်ခြံဝင်းထဲကို မီးစာတပ်ထားတဲ့ ဓာတ်ဆီပုလင်းကို မီးရှို့ပြီး ခြံဝင်းထဲကို ပစ်ပေါက်ခဲ့သူကို အရေးယူနိုင်ဖို့ မှတ်တမ်း ဓာတ်ပုံနဲ့ ဗွီဒီယိုဖိုင်တွေကို အတိုင်ပင်ခံရုံးက ထုတ်ပြန်လိုက်ပါတယ်။

နိုင်ငံတော်အတိုင်ပင်ခံရုံး ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေးက သူ့ရဲ့ Facebook လူမှုကွန်ရက်ကတဆင့် မှတ်တမ်း ဓာတ်ပုံနဲ့ ဗွီဒီယိုဖိုင်တွေကို အရေးယူနိုင်ဖို့ ထုတ်ပြန်လိုက်တာပါ။

အဲ့ဒီ ထုတ်ပြန်ချက်ထဲမှာတော့ ပြစ်မှုကျူးလွန်သူရဲ့ ပုံသဏ္ဍန်ဟာ အသက် ၄၀ နှစ်ခန့်၊ ဆံပင်နက်တို၊ အရပ်  ၅ ပေ ၅ လက်မခန့်၊ အသားညို၊ ခန္ဓာကိုယ်ဝ၊ မြန်မာလိုဝတ်ဆင်ထားတဲ့ အမျိုးသားတစ်ဦးဖြစ်ပြီး ဝတ်ဆင်ထားတဲ့ အဝတ်က တီရှုပ်ပန်းရောင်၊ ပလေကပ်လုံချည်အပြာကွက်ကျဲ ဖြစ်တယ်လို့ ဖော်ပြထားပါတယ်။

ဒါအပြင် ပစ်မှုကျူးလွန်သူကို  အမြန်ဆုံးဖမ်းဆီးရမိရေးအတွက် ကူညီစုံစမ်း သတင်းပေးကြဖို့ကိုလည်း နှိုးဆော် ထားပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)