သံုးစြဲသူေတြ နစ္နာမႈ ေျဖရွင္းေပးေရး Forever Group ကုမၸဏီ လီမိတက္ကို DCA တိုက္တြန္း

0
1718

Forever Group ကုမၸဏီ လီမိတက္ အေနနဲ႔ သံုးစြဲသူေတြ စိတ္ေက်နပ္ ရွိေစဖို႔နဲ႔ ထိခိုက္နစ္နာမႈေတြ မရွိေစေရး ေျဖရွင္းေပးဖို႔ စားသံုးသူေရးရာဦးစီးဌာန (DCA) က တိုက္တြန္းလိုက္ပါတယ္။

Forever Group ကုမၸဏီ လီမိတက္က ထုတ္လႊင့္ေနတဲ့ 4TV HD Package ကို တျခား ခ်ယ္နယ္ေတြနဲ႔ အစားထိုးတဲ့ ကိစၥနဲ႔ ပတ္သက္ၿပီး သံုးစြဲသူေတြက ေနျပည္ေတာ္႐ံုးခ်ဳပ္ရွိ CICC Facebook Page ကို ဆက္သြယ္တိုင္ၾကားမႈေတြ ရွိလို႔ အခုလို တိုက္တြန္းတာ ျဖစ္ပါတယ္။

4TV ခ်ယ္နယ္ Package ေျပာင္းလဲတပ္ဆင္ရာမွာ ႀကိဳတင္ အေၾကာင္းမၾကားတာ၊ သံုးစြဲသူေတြ ေရြးခ်ယ္ဝယ္ယူထားတဲ့ Package သက္တမ္းတိုးရာမွာ ေငြေၾကးဆံုး႐ံႈးတာ၊ Package ေျပာင္းလဲ အသံုးျပဳတဲ့ အခု ျပသတဲ့လိုင္းေတြကို ႏွစ္သက္မႈ မရွိတာေတြအတြက္ တိုင္ၾကားေနၾကတာ ျဖစ္ပါတယ္။ 4TV ကေတာ့ ပရိသတ္ေတြ အဆင္မေျပျဖစ္တဲ့အတြက္ ေတာင္းပန္းေၾကာင္း ေဖ့စ္ဘုတ္မွာ ေဖာ္ျပထားပါတယ္။

>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

သုံးစွဲသူတွေ နစ်နာမှု ဖြေရှင်းပေးရေး Forever Group ကုမ္ပဏီ လီမိတက်ကို DCA တိုက်တွန်း

Forever Group ကုမ္ပဏီ လီမိတက် အနေနဲ့ သုံးစွဲသူတွေ စိတ်ကျေနပ် ရှိစေဖို့နဲ့ ထိခိုက်နစ်နာမှုတွေ မရှိစေရေး ဖြေရှင်းပေးဖို့ စားသုံးသူရေးရာဦးစီးဌာန (DCA) က တိုက်တွန်းလိုက်ပါတယ်။

Forever Group ကုမ္ပဏီ လီမိတက်က ထုတ်လွှင့်နေတဲ့ 4TV HD Package ကို တခြား ချယ်နယ်တွေနဲ့ အစားထိုးတဲ့ ကိစ္စနဲ့ ပတ်သက်ပြီး သုံးစွဲသူတွေက နေပြည်တော်ရုံးချုပ်ရှိ CICC Facebook Page ကို ဆက်သွယ်တိုင်ကြားမှုတွေ ရှိလို့ အခုလို တိုက်တွန်းတာ ဖြစ်ပါတယ်။

4TV ချယ်နယ် Package ပြောင်းလဲတပ်ဆင်ရာမှာ ကြိုတင် အကြောင်းမကြားတာ၊ သုံးစွဲသူတွေ ရွေးချယ်ဝယ်ယူထားတဲ့ Package သက်တမ်းတိုးရာမှာ ငွေကြေးဆုံးရှုံးတာ၊ Package ပြောင်းလဲ အသုံးပြုတဲ့ အခု ပြသတဲ့လိုင်းတွေကို နှစ်သက်မှု မရှိတာတွေအတွက် တိုင်ကြားနေကြတာ ဖြစ်ပါတယ်။ 4TV ကတော့ ပရိသတ်တွေ အဆင်မပြေဖြစ်တဲ့အတွက် တောင်းပန်းကြောင်း ဖေ့စ်ဘုတ်မှာ ဖော်ပြထားပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)