
0
2223




>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

ဒေါ်အောင်ဆန်းစုကြည် နေအိမ် ခြံအမှတ် (၅၄) ထဲ ဓာတ်ဆီပုလင်း မီးရှို့ပစ်သွင်း

ရန်ကုန်မြို့၊ ဗဟန်းမြို့နယ်၊ တက္ကသိုလ်ရိပ်သာလမ်းပေါ်ရှိ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ရဲ့ အိမ်ရှိတဲ့ ခြံအမှတ် (၅၄) ထဲကို လူတစ်ဦးက ဓာတ်ဆီပုလင်းကို မီးရှို့ပြီး ပစ်သွင်းမှု ဒီနေ့ ဖေဖော်ဝါရီ ၁ ရက်နေ့ မနက်ပိုင်းမှာ ဖြစ်ပွားခဲ့ပါတယ်။

ခြံအပြင်ဘက် လမ်းပေါ်ကနေ လူတစ်ဦးက ဓာတ်ဆီပုလင်းကို မီးရှို့ပစ်သွင်းတာဖြစ်ပြီး မီးလောင်ကျွမ်းမှု၊ ထိခိုက်ပျက်စီးမှု မရှိဘူးလို့ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ရဲ့ ဗဟိုပြန်ကြားရေးကော်မတီ အဖွဲ့ဝင် ဦးကြည်တိုးက သူ့ရဲ့ ဖေ့စ်ဘုတ်မှာ ရေးသားထားပါတယ်။

တရားခံကို ဖမ်းမိနိုင်ရေးအတွက် သက်ဆိုင်ရာ လုံခြုံရေးအဖွဲ့အစည်းတွေက ဆက်လက် ဆောင်ရွက်နေပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)