တစ္ပတ္အတြင္း အေကာက္ခြန္မဲ့ ပစၥည္း က်ပ္သန္း ၄၃၀ ဖိုး သိမ္းဆည္းရမိ

0
2056

အေကာက္ခြန္ ဦးစီးဌာနဟာ ဇန္နဝါရီလ ၁၅ ရက္ေန႔ကေန ၂၁ ရက္ေန႔အတြင္း အေကာက္ခြန္မဲ့ပစၥည္း ေငြက်ပ္သန္း ၄၃၀ ေက်ာ္ဖိုး သိမ္းဆည္းရမိခဲ့ပါတယ္။

ရန္ကုန္ အျပည္ျပည္ဆိုင္ရာ ေလဆိပ္၊ ေလဆိပ္ကုန္ေလွာင္႐ံု၊ ဆိပ္ကမ္းေတြ၊ အထူးကင္း၊ ေရပူစစ္ေဆးေရးစခန္းနဲ႔ အေကာက္ခြန္ နယ္ေျမေဒသ အသီးသီးမွာ စာရြက္စာတမ္း အေထာက္အထား တစ္စံုတစ္ရာ တင္ျပႏိုင္ျခင္း မရွိတဲ့ ပစၥည္းေတြကို သိမ္းဆည္းရမိတာ ျဖစ္ပါတယ္။

ဇန္နဝါရီလ ၁၈ ရက္ေန႔ တစ္ရက္တည္းမွာတင္ ေရပူအၿမဲတမ္း ပူးေပါင္းစစ္ေဆးေရး အဖြဲ႔က ေရွာင္ကြင္းလမ္းကို ေရွာင္တခင္ သြားေရာက္ စစ္ေဆးရာ ယာဥ္တစ္စီးနဲ႔ အေထာက္အထားမရွိတဲ့ ကုန္ပစၥည္း က်ပ္ ၁၃ သန္းေက်ာ္ဖိုး သိမ္းဆည္းရမိပါတယ္။

>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

တစ်ပတ်အတွင်း အကောက်ခွန်မဲ့ ပစ္စည်း ကျပ်သန်း ၄၃၀ ဖိုး သိမ်းဆည်းရမိ

အကောက်ခွန် ဦးစီးဌာနဟာ ဇန်နဝါရီလ ၁၅ ရက်နေ့ကနေ ၂၁ ရက်နေ့အတွင်း အကောက်ခွန်မဲ့ပစ္စည်း ငွေကျပ်သန်း ၄၃၀ ကျော်ဖိုး သိမ်းဆည်းရမိခဲ့ပါတယ်။

ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ်၊ လေဆိပ်ကုန်လှောင်ရုံ၊ ဆိပ်ကမ်းတွေ၊ အထူးကင်း၊ ရေပူစစ်ဆေးရေးစခန်းနဲ့ အကောက်ခွန် နယ်မြေဒေသ အသီးသီးမှာ စာရွက်စာတမ်း အထောက်အထား တစ်စုံတစ်ရာ တင်ပြနိုင်ခြင်း မရှိတဲ့ ပစ္စည်းတွေကို သိမ်းဆည်းရမိတာ ဖြစ်ပါတယ်။

ဇန်နဝါရီလ ၁၈ ရက်နေ့ တစ်ရက်တည်းမှာတင် ရေပူအမြဲတမ်း ပူးပေါင်းစစ်ဆေးရေး အဖွဲ့က ရှောင်ကွင်းလမ်းကို ရှောင်တခင် သွားရောက် စစ်ဆေးရာ ယာဉ်တစ်စီးနဲ့ အထောက်အထားမရှိတဲ့ ကုန်ပစ္စည်း ကျပ် ၁၃ သန်းကျော်ဖိုး သိမ်းဆည်းရမိပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)