
0
599




>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

လက်နက်ကိုင်ဆောင်မှုနဲ့ အဆိုတော် ထူးအယ်လင်း ထောင်တစ်လ ကျ

အဆိုတော် ထူးအယ်လင်းကို ၂၀၁၇ ခုနှစ် ဇွန်လအတွင်းက ကားထဲမှာ ရဲတင်းတစ်လက် တွေ့ရှိမှုနဲ့ ရန်ကုန်မြို့၊ ဒဂုံမြို့နယ် တရားရုံးက ထောင်ဒဏ် တစ်လ ချမှတ်လိုက်ပါတယ်။

ပြီးခဲ့တဲ့ ဇွန်လ ၂၂ ရက်နေ့ညက အဆိုတော် ထူးအယ်လင်းနဲ့ Cobra တို့ မောင်းလာတဲ့ကားနဲ့ တက္ကစီသမားတချို့ ဦးဝိစာရလမ်းနဲ့ ရွှေတိဂုံဘုရားလမ်းထောင့်မှာ ခိုက်ရန်ဖြစ်တဲ့အတွက် ရဲတပ်ဖွဲ့က သွားရောက် စစ်ဆေးရာမှာ အဆိုတော် ထူးအယ်လင်းတို့ ကားထဲမှာ ရဲတင်းတစ်လက် တွေ့ရှိခဲ့တာ ဖြစ်ပါတယ်။

ထူးအယ်လင်းဟာ အာမခံလျှောက်ထားပြီး တရားရင်ဆိုင်ခဲ့တာ ဖြစ်လို့ ထောင်ဒဏ် တစ်လကို ရက်အပြည့် ကျခံရမှာ ဖြစ်ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)