ျမန္မာႏိုင္ငံမွာ ငါးမ်ိဳးစိတ္၊ သစ္ခြမ်ိဳးစိတ္နဲ႔ အပင္မ်ိဳးစိတ္ေတြ ေဖာ္ထုတ္ေတြ႕ရွိ

0
319

ဇီဝမ်ိဳးကြဲစာရင္း ေကာက္ယူတဲ့ သုေတသနကေန ငါးမ်ိဳးစိတ္တစ္မ်ိဳး၊ သစ္ခြမ်ိဳးစိတ္တစ္မ်ိဳး၊ အပင္မ်ိဳးစိတ္ ႏွစ္မ်ိဳး ေဖာ္ထုတ္ေတြ႔ရွိခဲ့ပါတယ္။

တ႐ုတ္သိပၸံအကယ္ဒမီရွိ အေရွ႕ေတာင္အာရွ ဇီဝမ်ိဳးစံုမ်ိဳးကြဲ သုေတသနဌာနကို သစ္ေတာသုေတသနဌာန (ေရဆင္း) မွာ ၂၀၁၆ ခုႏွစ္ မတ္လက ဖြင့္လွစ္ကာ စီမံကိန္းလုပ္ငန္းေတြ ေဆာင္ရြက္စဥ္ ကာလအတြင္း အခုလို ေတြ႔ရွိခဲ့တာ ျဖစ္ပါတယ္။

အဲဒီစီမံကိန္းမွာ အပင္ဇီဝမ်ိဳးစံုမ်ိဳးကြဲ စာရင္းေကာက္ယူတာ၊ ေတာ႐ိုင္းတိရစာၦန္ စာရင္းေကာက္ယူတာ၊ ေရေနသတၱဝါ စာရင္းေကာက္ယူတာ၊ သဘာဝေတာထြက္ ဟင္းသီးဟင္းရြက္နဲ႔ ေဆးဖက္ဝင္ ဇီဝမ်ိဳးစံုမ်ိဳးကြဲဆိုင္ရာ သုေတသန လုပ္တာေတြ ပါဝင္ပါတယ္။

>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

မြန်မာနိုင်ငံမှာ ငါးမျိုးစိတ်၊ သစ်ခွမျိုးစိတ်နဲ့ အပင်မျိုးစိတ်တွေ ဖော်ထုတ်တွေ့ရှိ

ဇီဝမျိုးကွဲစာရင်း ကောက်ယူတဲ့ သုတေသနကနေ ငါးမျိုးစိတ်တစ်မျိုး၊ သစ်ခွမျိုးစိတ်တစ်မျိုး၊ အပင်မျိုးစိတ် နှစ်မျိုး ဖော်ထုတ်တွေ့ရှိခဲ့ပါတယ်။

တရုတ်သိပ္ပံအကယ်ဒမီရှိ အရှေ့တောင်အာရှ ဇီဝမျိုးစုံမျိုးကွဲ သုတေသနဌာနကို သစ်တောသုတေသနဌာန (ရေဆင်း) မှာ ၂၀၁၆ ခုနှစ် မတ်လက ဖွင့်လှစ်ကာ စီမံကိန်းလုပ်ငန်းတွေ ဆောင်ရွက်စဉ် ကာလအတွင်း အခုလို တွေ့ရှိခဲ့တာ ဖြစ်ပါတယ်။

အဲဒီစီမံကိန်းမှာ အပင်ဇီဝမျိုးစုံမျိုးကွဲ စာရင်းကောက်ယူတာ၊ တောရိုင်းတိရစ္ဆာန် စာရင်းကောက်ယူတာ၊ ရေနေသတ္တဝါ စာရင်းကောက်ယူတာ၊ သဘာဝတောထွက် ဟင်းသီးဟင်းရွက်နဲ့ ဆေးဖက်ဝင် ဇီဝမျိုးစုံမျိုးကွဲဆိုင်ရာ သုတေသန လုပ်တာတွေ ပါဝင်ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)