
0
712




>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

မြန်မာနိုင်ငံဘက်ကို ပြန်ပို့မယ့် အမည်စာရင်း ကောက်ခံနေဆဲဟု ဘင်္ဂလားဒေ့ရှ်ဆို

မြန်မာနိုင်ငံဘက်ကို ပြန်ပို့မယ့် အမည်စာရင်း ကောက်ခံနေပြီး အဆင်သင့်ဖြစ်ရင် အထက်ဌာန ညွှန်ကြားချက်တွေအတိုင်း ဆက်လက်လုပ်ဆောင်သွားမယ်လို့ ဘင်္ဂလားဒေ့ရှ်နိုင်ငံက ပြောကြားလိုက်ပါတယ်။

ဇန်နဝါရီလ ၃၁ ရက်နေ့က နှစ်နိုင်ငံ ချစ်ကြည်ရေးတံတားအနီး မြန်မာဘက်အခြမ်းမှာပြုလုပ်တဲ့ မြန်မာ-ဘင်္ဂလားဒေ့ရှ် နယ်ခြားစောင့်တပ်ဖွဲ့ တပ်ရင်းမှူးအဆင့် အလံတင်အခမ်းအနားမှာ ဘင်္ဂလားဒေ့ရှ် နယ်ခြားစောင့်တပ် BGB 34 တပ်ရင်းမှူး Monzural Hassan Khan က ပြောကြားခဲတာပါ။

အဲ့ဒီတွေ့ဆုံမှုအပြီးမှာတော့ မြန်မာနိုင်ငံဘက်က နယ်မြေ ၃ တပ်ရင်းမှူးဦးဆောင်တဲ့ အဖွဲ့ဝင်တွေက အဆင်သင့်ဖြစ်နေတဲ့ ပြန်လည်လက်ခံရေး အနေအထားတွေကိုလည်း ပြသခဲ့ကြပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)