အာဆီယံ-ျပန္ၾကားေရး ဆပ္ေကာ္မတီ အစည္းအေဝးကို ျမန္မာက အိမ္ရွင္အျဖစ္ လက္ခံက်င္းပမယ္

0
1962

(၁၉) ႀကိမ္ေျမာက္ အာဆီယံ-ျပန္ၾကားေရး ဆပ္ေကာ္မတီ အစည္းအေဝး (19th SCI Meeting) ကို ျမန္မာႏိုင္ငံက အိမ္ရွင္အျဖစ္ လက္ခံက်င္းပႏိုင္ေရးအတြက္ လုပ္ငန္းညွိႏိႈင္းအစည္းအေဝးကို မေန႔က ဇန္နဝါရီ ၃၁ ရက္ေန႔ ေနျပည္ေတာ္မွာ က်င္းပပါတယ္။

SCI အစည္းအေဝးေတြမွာ အာဆီယံထိပ္သီး အစည္းအေဝးေတြနဲ႔ မ႑ိဳင္အသီးသီးရွိ အစည္းအေဝးေတြက ျပန္ၾကားေရး က႑ဆိုင္ရာ ဆံုးျဖတ္ခ်က္ေတြနဲ႔ လက္ရွိ ျပန္ၾကားေရး က႑ဆိုင္ရာ လုပ္ငန္းစဥ္ေတြအေပၚ သံုးသပ္ေဆြးေႏြးတာ၊ ဘတ္ဂ်က္လ်ာထားတာ၊ အာဆီယံယဥ္ေက်းမႈ ရန္ပံုေငြကိစၥ၊ ဘ႑ာေရးဆိုင္ရာ လုပ္ထံုးလုပ္နည္း ေဆြးေႏြးတာ၊ SCI အစည္းအေဝး အလွည့္က် က်င္းပမယ့္ႏိုင္ငံ ေရြးခ်ယ္တာေတြ ျပဳလုပ္မွာ ျဖစ္ပါတယ္။

(၁၉) ႀကိမ္ေျမာက္ အာဆီယံ-ျပန္ၾကားေရး ဆပ္ေကာ္မတီ အစည္းအေဝးကို မတ္လ ၅ ရက္ကေန ၈ ရက္ေန႔အထိ ရန္ကုန္ၿမိဳ႕၊ Sky Star Hotel မွာ ျပန္ၾကားေရးဝန္ႀကီးဌာနက ႀကီးမႉးၿပီး အိမ္ရွင္အျဖစ္ လက္ခံက်င္းပမွာ ျဖစ္ပါတယ္။

>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

အာဆီယံ-ပြန်ကြားရေး ဆပ်ကော်မတီ အစည်းအဝေးကို မြန်မာက အိမ်ရှင်အဖြစ် လက်ခံကျင်းပမယ်

(၁၉) ကြိမ်မြောက် အာဆီယံ-ပြန်ကြားရေး ဆပ်ကော်မတီ အစည်းအဝေး (19th SCI Meeting) ကို မြန်မာနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပနိုင်ရေးအတွက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို မနေ့က ဇန်နဝါရီ ၃၁ ရက်နေ့ နေပြည်တော်မှာ ကျင်းပပါတယ်။

SCI အစည်းအဝေးတွေမှာ အာဆီယံထိပ်သီး အစည်းအဝေးတွေနဲ့ မဏ္ဍိုင်အသီးသီးရှိ အစည်းအဝေးတွေက ပြန်ကြားရေး ကဏ္ဍဆိုင်ရာ ဆုံးဖြတ်ချက်တွေနဲ့ လက်ရှိ ပြန်ကြားရေး ကဏ္ဍဆိုင်ရာ လုပ်ငန်းစဉ်တွေအပေါ် သုံးသပ်ဆွေးနွေးတာ၊ ဘတ်ဂျက်လျာထားတာ၊ အာဆီယံယဉ်ကျေးမှု ရန်ပုံငွေကိစ္စ၊ ဘဏ္ဍာရေးဆိုင်ရာ လုပ်ထုံးလုပ်နည်း ဆွေးနွေးတာ၊ SCI အစည်းအဝေး အလှည့်ကျ ကျင်းပမယ့်နိုင်ငံ ရွေးချယ်တာတွေ ပြုလုပ်မှာ ဖြစ်ပါတယ်။

(၁၉) ကြိမ်မြောက် အာဆီယံ-ပြန်ကြားရေး ဆပ်ကော်မတီ အစည်းအဝေးကို မတ်လ ၅ ရက်ကနေ ၈ ရက်နေ့အထိ ရန်ကုန်မြို့၊ Sky Star Hotel မှာ ပြန်ကြားရေးဝန်ကြီးဌာနက ကြီးမှူးပြီး အိမ်ရှင်အဖြစ် လက်ခံကျင်းပမှာ ဖြစ်ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)