
0
1815




>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

မြန်မာ့စတီး အဆင့်အတန်းကို သတ်မှတ်နိုင်ခြင်း မရှိသေး

မြန်မာနိုင်ငံမှာ ထုတ်လုပ်တဲ့ စတီး အဆင့်အတန်းကို သတ်မှတ်နိုင်ခြင်း မရှိသေးတဲ့အတွက် အရည်အသွေးနိမ့် သံနဲ့ သံမဏိထုတ်ကုန်တွေကို တင်သွင်းအသုံးပြုနေရတယ်လို့ စက်မှုဝန်ကြီး ဦးခင်မောင်ချိုက ပြောပါတယ်။

ဇန်နဝါရီ ၃၀ ရက်နေ့မှာ ကျင်းပတဲ့ Developing Steel Industry in Myanmar ဆွေးနွေးပွဲမှာ ဝန်ကြီး ဦးခင်မောင်ချိုက ပြောကြားခဲ့တာပါ။

ဆောက်လုပ်ရေးသုံး သံနဲ့ စတီသံပေါင်၊ ရက်မတွေကို ပြည်ပကနေ တင်သွင်းရတဲ့အတွက် ကုန်သွယ်မှုလိုငွေ ဖြစ်ပေါ်နေကြောင်း၊ မြန်မာ့စတီး အဆင့်အတန်းကို အမြန်ဆုံးသတ်မှတ်ပြဋ္ဌာန်းနိုင်မှ ပြည်ပကနေ တင်သွင်းနေရမှုကို ကန့်သတ်တားဆီးနိုင်မှာ ဖြစ်ကြောင်းလည်း ဝန်ကြီး ဦးခင်မောင်ချိုက ပြောပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)