ဘာလင်-အာဆီယံ ကော်မတီဥက္ကဋ္ဌတာဝန် မြန်မာသံအမတ်ကြီး ဒေါ်ယဉ်ယဉ်မြင့် လွှဲပြောင်းပေးအပ်

0
297

ဂျမနီနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဒေါ်ယဉ်ယဉ်မြင့်ဟာ ဘာလင်-အာဆီယံ ကော်မတီရဲ့ အလှည့်ကျ ဥက္ကဋ္ဌတာဝန်ကို ဇန်နဝါရီလ ၂၆ ရက်နေ့မှာ ဖိလစ်ပိုင်နိုင်ငံ သံအမတ်ကြီး Mrs. Melita Sta. Maria-Thomeczek ကို လွှဲပြောင်းပေးအပ်ခဲ့ပါတယ်။

ဒေါ်ယဉ်ယဉ်မြင့်ဟာ ၂၀၁၆ ခုနှစ် သြဂုတ်လကနေ ၂၀၁၇ ခုနှစ် ဇန်နဝါရီလအထိ ဘာလင်-အာဆီယံကော်မတီရဲ့ ဥက္ကဋ္ဌအဖြစ် ခြောက်လ တာဝန်ထမ်းဆောင်ပြီးနောက်မှာ ဘာလင်မြို့က မြန်မာသံရုံးမှာ အစည်းအဝေးလုပ်ပြီး လွှဲပြောင်းပေးအပ်ခဲ့တာပါ။

သံအမတ်ကြီး ဒေါ်ယဉ်ယဉ်မြင့်ဟာ ဘာလင်-အာဆီယံကော်မတီရဲ့ အလှည့်ကျဥက္ကဋ္ဌအဖြစ် တာဝန်ယူဆောင်ရွက်စဉ်မှာ အာဆီယံသံအမတ်ကြီးတွေရဲ့ ပူးပေါင်းပါဝင်မှုနဲ့အတူ ဂျာမနီနိုင်ငံတွင်း အာဆီယံ နိုင်ငံရေး၊ စီးပွားရေးနဲ့ ယဉ်ကျေးမှုရေးရာတွေ ဆောင်ရွက်ခဲ့ပြီး အာဆီယံသံရုံးတွေအကြား ရင်းနှီးချစ်ကြည်မှု၊ ဂျာမန်အစိုးရနဲ့ ပြည်သူတွေနဲ့ ချစ်ကြည်နားလည်မှု တိုးမြှင့်အောင် ဆောင်ရွက်ပေးခဲ့တာပဲ ဖြစ်ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)