၂၀၁၆ အတွင်း စိတ်ကြွဆေးပြားပေါင်း ၉၈ သန်း ဖမ်းဆီးရမိခဲ့ပြီး ၂၀၁၅ ထက် နှစ်ဆီနီးပါး များလာ

0
217

မြန်မာနိုင်ငံမှာ ၂၀၁၆ ခုနှစ်အတွင်း ဖမ်းဆီးရမိခဲ့တဲ့ စိတ်ကြွရူးသွပ်ဆေးပြား အရေအတွက်ဟာ စံချိန်တင် ၉၈ သန်း အထိရှိခဲ့ပြီး အဲဒီအရေအတွက်ဟာ ၂၀၁၅ က ဖမ်းမိတဲ့ အရေအတွက်ထက် နှစ်ဆ နီးပါး ရှိခဲ့တယ်လို့ AFP သတင်းဌာနက ဖေဖော်ဝါရီ ၁ ရက်နေ့မှာ ဖော်ပြလိုက်ပါတယ်။

ရဲတပ်ဖွဲ့ထုတ်ပြန်တဲ့ အချက်အလက်တွေအရ ၂၀၁၅ ခုနှစ်မှာ စိတ်ကြွဆေးပြား သန်း ၅၀ သိမ်းဆည်းရမိခဲ့ပေမဲ့ ၂၀၁၆ မှာတော့ သန်း ၁၀၀ နီးပါးအထိကို သိမ်းဆည်းရမိခဲ့တာဟာ မြန်မာနိုင်ငံက ကမ္ဘာမှာ စိတ်ကြွဆေးပြား အဓိက ထုတ်လုပ်တဲ့နိုင်ငံတစ်ခုအဖြစ် ရပ်တည်နေတယ်ဆိုတာ ပေါ်လွင်စေတာ ဖြစ်ပါတယ်။

မြန်မာဟာ ကမ္ဘာမှာ မူးယစ်းဆေးဝါး အထွက်ဆုံး နိုင်ငံတွေထဲက တစ်ခုဖြစ်ပြီး မက်သာဖက်တမင်း၊ ဘိန်းဖြူ၊ ဘိန်းနှင့် ဆေးခြောက်တို့လို့ စိတ်ကို ပြောင်းလဲစေတဲ့ မူးယစ်ဆေးတွေလည်း အမြောက်အများ ထွက်တဲ့ နိုင်ငံ ဖြစ်ပါတယ်။ အာရှဒေသမှာလည်း မြန်မာနိုင်ငံရဲ့ မူးယစ်ဆေးဝါ အဓိက ဖောက်သည်နိုင်ငံတွေလည်း ရှိနေတာပါ။

၂၀၁၆ အတွင်း စိတ်ကြွဆေးပြား ၉၈ သန်း သိမ်းဆည်းရမိခဲ့သလို တခြားမူးယစ်ဆေးတွေမှာဆိုရင်လည်း ဘိန်းဖြူ ၇၅၉ ကီလို၊ ဘိန်းစိမ်း ၉၄၅ ကီလို၊ ရေခဲလို့ ခေါ်တဲ့ မက်တာဖက်တမင်း ၂၄၆၄ ကီလို ဖမ်းဆီးရမိခဲ့တာ ဖြစ်ပါတယ်။

မူးယစ်ဆေးဝါးနဲ့ပတ်သက်ပြီး ဖမ်းဆီးခဲ့တဲ့ ရာဇဝတ်မှုအရေအတွက်ကတော့ ၂၀၁၅ မှာ ၈၈၀၀ သာ ရှိခဲ့ပေမဲ့ ၂၀၁၆ မှာတော့ ၁၃၅၀၀ အထိ ရှိလာခဲ့တာ ဖြစ်ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)