လူကုန်ကူးခံရတဲ့ အမျိုးသမီး ၁၅ ဦးကို ထိုင်းနိုင်ငံက ပြန်လည် လွဲအပ်

0
328

ထိုင်းနိုင်ငံမှာ လူကုန်ကူးခံရတဲ့ မြန်မာနိုင်ငံသား အမျိုးသမီး ၁၅ ဦးကို ထိုင်းအစိုးရက မြန်မာအစိုးရကို တရားဝင် ပြန်လည်လွှဲပြောင်းပေးအပ်လိုက်ပါတယ်။

ဇန်နဝါရီ ၃၁ ရက် မနက်ပိုင်းမှာ ထိုင်းနိုင်ငံ၊ ချင်းရိုင်းခရိုင်၊ လူဝင်မှု ကြီးကြပ်ရေးဦးစီးဌာနက ဗိုလ်မှူးကြီးအေ့ကွန်း ဘွတ်စဖားဘန်ဒင်း ဦးဆောင်တဲ့ အဖွဲ့ဝင် ၃ဝ တို့က တာချီလိတ်ခရိုင် ရဲတပ်ဖွဲ့ မှူးရုံးမှာ လွှဲပြောင်းပေးအပ်ခဲ့တာပါ။

လူကုန်ကူး ခံရသူတွေဟာ ရှမ်းပြည်နယ် (အရှေ့ပိုင်း) ကျိုင်းတုံမြို့၊ တာချီလိတ်မြို့၊ မိုင်းယောင်းမြို့၊ မက်မန်းမြို့၊ မိုင်းခတ်မြို့၊ မိုင်းယန်းမြို့၊ ”ဝ”ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ အထူးဒေသ (၂) စတဲ့ ဒေသတွေက ဖြစ်တယ်လို့လည်း အစိုးရ သတင်းထုတ်ပြန်ထားပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)