ဦးကိုနီ လုပ်ကြံမှု နောက်ကွယ်က ကြိုးကိုင်သူတွေ ဘားအံမှာ ဖမ်းဆီးရမိခြင်း မရှိဟုဆို

0
393

တရားလွှတ်တော် ရှေ့နေ ဦးကိုနီကို လုပ်ကြံသတ်ဖြတ်ဖို့ နောက်ကွယ်ကနေ ကြိုးကိုင်သူ ကိုမြင့်ဆွေ ဖမ်းဆီးရမိခြင်း မရှိလို့ ဘားအံမြို့မရဲစခန်းက ငြင်းဆိုလိုက်ပါတယ်။

လူမှုကွန်ယက် စာမျက်နှာတွေပေါ်မှာ ကိုမြင့်ဆွေကို ဘားအံ မြို့မရဲစခန်းက ဖမ်းမိကြောင်း သတင်းတွေထွက်ပေါ်နေတဲ့အပေါ် MCN သတင်းဌာနက ဆက်သွယ် မေးမြန်းရာမှာ တာဝန်ကျ ရဲအရာရှိ တစ်ဦးက အဲ့ဒီလို ပြောကြားလိုက်တာပါ။

ဒါအပြင် မြ၀တီမြို့က တာဝန်ကျရဲ အရာရှိ တစ်ဦးကလည်း မြ၀တီမြို့မှာ ဖမ်းဆီးရမိတဲ့ ဖြစ်စဉ် မရှိဘူးလို့လည်း MCN သတင်းဌာနကို ပြောပါတယ်။

လူမှုကွန်ယက် စာမျက်နှာတွေပေါ်မှာတော့ ကိုမြင့်ဆွေနဲ့ အပေါင်းပါ ငါးဦးကို ဘားအံ သံလွင်တံတားပေါ်နဲ့ မြ၀တီမြို့မှာတွေမှာ အသီးသီး ဖမ်းဆီးရမိတယ်လို့ ကောလဟလသတင်းတွေ ထွက်ပေါ်နေတာဖြစ်ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)