ပဲရစ္ၿမိဳ႕ရွိ ၈ ထပ္တိုက္ မီးေလာင္မႈ ေသဆံုးသူျမင့္တက္

0
432

ျပင္သစ္ႏိုင္ငံ၊ ပဲရစ္ၿမိဳ႕ အေနာက္ေတာင္ပိုင္းရွိ အေဆာက္ဦးတစ္ခုမွာ မေန႔က ျဖစ္ခဲ့တဲ့ မီးေလာင္ခဲ့မႈေၾကာင့္ ေသဆံုးသူဦးေရ ျမင့္တက္လာခဲ့ၿပီး အနည္းဆံုး ၁၀ ဦး ရွိသြားၿပီ ျဖစ္ပါတယ္။


မီးေလာင္မႈေၾကာင့္ မီးသတ္သမားတြ အပါအဝင္ လူေပါင္း ၃၀ နီးပါး ဒဏ္ရာရခဲ့ၿပီး တစ္ဦးက စိုးရိမ္ရတယ္လို႔ ျပင္သစ္ အာဏာပိုင္ေတြက ေျပာပါတယ္။ အထပ္ ၈ ထပ္ရွိ အေဆာက္ဦးရဲ႕ ၇ ထပ္နဲ႔ ၈ ထပ္တုိ႔မွာ မီးေလာင္မႈေတြ ရွိေနတာေၾကာင့္ ေသဆံုးသူ ဆက္လက္ ျမင့္တက္ႏုိင္တယ္လို႔ ျပင္သစ္ မီးသတ္ဌာန တာဝန္ရွိသူေတြက ေျပာပါတယ္။

မီးေလာင္ရတဲ့ အေၾကာင္းအရင္းကို အတိအက် မသိေသးေၾကာင္း၊ မီးဟာ အေဆာက္ဦး ႏွစ္ထပ္ေျမာက္ကေန စတင္ေလာင္ကြ်မ္းခဲ့ၿပီး မီးေလာင္မႈနဲ႔ ပတ္သက္လို႔ အမ်ိဳးသမီးတစ္ဦးကို ဖမ္းဆီးထားပါတယ္။

<>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

ပဲရစ်မြို့ရှိ ၈ ထပ်တိုက် မီးလောင်မှု သေဆုံးသူမြင့်တက်

ပြင်သစ်နိုင်ငံ၊ ပဲရစ်မြို့ အနောက်တောင်ပိုင်းရှိ အဆောက်ဦးတစ်ခုမှာ မနေ့က ဖြစ်ခဲ့တဲ့ မီးလောင်ခဲ့မှုကြောင့် သေဆုံးသူဦးရေ မြင့်တက်လာခဲ့ပြီး အနည်းဆုံး ၁၀ ဦး ရှိသွားပြီ ဖြစ်ပါတယ်။

မီးလောင်မှုကြောင့် မီးသတ်သမားတွ အပါအဝင် လူပေါင်း ၃၀ နီးပါး ဒဏ်ရာရခဲ့ပြီး တစ်ဦးက စိုးရိမ်ရတယ်လို့ ပြင်သစ် အာဏာပိုင်တွေက ပြောပါတယ်။ အထပ် ၈ ထပ်ရှိ အဆောက်ဦးရဲ့ ၇ ထပ်နဲ့ ၈ ထပ်တို့မှာ မီးလောင်မှုတွေ ရှိနေတာကြောင့် သေဆုံးသူ ဆက်လက် မြင့်တက်နိုင်တယ်လို့ ပြင်သစ် မီးသတ်ဌာန တာဝန်ရှိသူတွေက ပြောပါတယ်။

မီးလောင်ရတဲ့ အကြောင်းအရင်းကို အတိအကျ မသိသေးကြောင်း၊ မီးဟာ အဆောက်ဦး နှစ်ထပ်မြောက်ကနေ စတင်လောင်ကျွမ်းခဲ့ပြီး မီးလောင်မှုနဲ့ ပတ်သက်လို့ အမျိုးသမီးတစ်ဦးကို ဖမ်းဆီးထားပါတယ်။