
0
750


 



 

<>>>>>>>>>>>>>>>>>>>>>>>>>>

 

ထိုင်ဝမ် ရွေးကောက်ပွဲရလဒ်က တရုတ်နဲ့ထိုင်ဝမ်ကြား ခိုင်မာတဲ့ ဆက်ဆံရေးကို ပြသတာ ဖြစ်
ထိုင်ဝမ်မှာ ကျင်းပခဲ့တဲ့ ဒေသန္တရ ရွေးကောက်ပွဲရလဒ်တွေအရ ထိုင်ဝမ်ပြည်သူတွေဟာ တရုတ်အစိုးရနဲ့ ထိုင်ဝမ်အစိုးရကြား ခိုင်မာတဲ့ ဆက်ဆံရေးကို မြင်တွေ့လိုတယ်ဆိုတာကို ပြသလိုက်တာဖြစ်ကြောင်း တရုတ်နိုင်ငံရဲ့ ထိုင်ဝမ်ဆိုင်ရာရုံးက ပြောရေးဆိုခွင့်ရှိသူ မာရှောင်ကွမ်က ပြောပါတယ်။
အဲဒီရွေးကောက်ပွဲ ရလဒ်တွေဟာ ထိုင်ဝမ်ပြည်သူတွေရဲ့ ထိုင်ဝမ်စီးပွားရေးနဲ့ သူတို့ဘဝတွေရဲ့ သာယာဝပြောရေးကို ကောင်းမွန်စေလိုတဲ့ ဆန္ဒတွေကိုလည်း ထင်ဟပ်တယ်လို့ မာ ရှောင်ကွမ်က ပြောခဲ့ပါတယ်။
ထိုင်ဝမ်ကို တရုတ်ပြည်မကြီးကနေ ခွဲထွက်ပြီး ကိုယ်ပိုင်အုပ်ချုပ်ရေး တောင်းဆိုတဲ့ ခွဲထွက်ရေးသမားတွေနဲ့ လှုပ်ရှားမှုတွေကို တရုတ်က ဆန့်ကျသွားမှာဖြစ်တယ်လို့လည်း မာရှောင်ကွမ်က ပြောပါတယ်။ ထိုင်ဝမ် ဒေသတွေနဲ့ မြို့တွေဟာ ရေလက်ကြားကိုဖြတ်ပြီး တရုတ်ပြည်မက မြို့တွေနဲ့ဆက်ဆံ ပူးပေါင်းရာမှာ ပါဝင်ဖို့ ကြိုဆိုကြောင်းလည်း သူက ပြောပါတယ်။